Connect with us

Hi, what are you looking for?

သတင်း

ရေဦးမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

(ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တိုက်ခိုက်ခဲ့သော အသေခံဒရုန်းတစ်စင်းအား တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)

အောက်တိုဘာ ၇၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တက်လာတဲ့ အသေခံဒရုန်း (Suicide Drone) ၃ စီးဟာ ရေဦးမြို့နယ် အနောက်ခြမ်းက ညောင်ပင်သာကျေးရွာကို ၁ကြိမ်၊ မကျည်းကုန်းကျေးရွာ နဲ့ အုပ်ဖိုကျေးရွာ ကြားမှာ ၁ ကြိမ်၊ ညောင်စောက်ကျေးရွာမှာ ၁ကြိမ် စုစုပေါင်း (၃) ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အသက်(၄၀)အရွယ် အမျိုးသမီး ၁ဦး လက်ကောက်ဝတ်ပြတ်ပြီး အသက် (၃၀) အရွယ် အမျိုးသမီး ၁ဦး ပေါင်မှာ ဒဏ်ရာရကာ (၈)နှစ်အရွယ် မိန်းကလေးတစ်ဦးကတော့ အဆုတ်နဲ့ လက်မောင်းမှာ အနည်းငယ်ထိခိုက်ဒဏ်ရရှိသွားခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ထိခိုက်ဒဏ်ရာရတဲ့ ၃ ဦးက အသက်အန္ထရယ်မစိုးရိမ်ရပါဘူး”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

အဲဒီနေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ မြို့အထွက် မြို့အထွက် ဟိန်းဆီဆိုင် အထိုင်ဂိတ်ကနေ စစ်သားအချို့ ကင်းပုန်းဝပ်ထွက်လာတာမျိုး ရှိခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၆ ရက် မနေ့က ည ၈ နာရီခွဲခန့်မှာတော့ ရေဦးမြို့နယ်မြောက်ပိုင်း မြို့အထွက်ကနေ ရွာသစ်ရွာဘက်သို့ ကင်းပုန်းတက်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးတွေကို ရေဦးမြို့နယ် ပကဖ လက်ရုံးတပ်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြေင်း သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာ ၇ ရက်ညနေကလည်း မုံရွာ နမခ ကနေတက်လာတဲ့ ဂွိုင်ရိုကော်ပတာ ၃စီး၊ Mi 35 ၁စီးနဲ့ ရေဦးမြို့နယ် တင်းတိန်ရံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၇ ဦး သေဆုံးခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အောက်တိုဘာ ၅ ရက်ကပဲ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook