Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ် – မိုးကုတ်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေ

မိုးမိတ်-မိုးကုတ်လမ်းပေါ်က (၇)မိုင်အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

(၂၀၂၄ ဇူလိုင် ၃၁ ရက်မှာ မိုးမိတ်မြို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်အပြီး တွေ့ရတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - MDY PDF)

အောက်တိုဘာ ၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

မိုးမိတ်-မိုးကုတ်လမ်းပေါ်က (၇)မိုင်အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

မိုးမိတ်မြို့ မြစ်ဆုံကနေကျော်ရင် ရောက်ရှိတဲ့ (၇)မိုင်အနီးမှာ ဒီကနေ့အောက်တိုဘာ ၇ရက် မနက်စောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတာပါ။

” မြို့နားမှာ ပစ်ခတ်သံတွေမကြားရတော့ဘဲ ၇မိုင်ဘက်ကို ရောက်သွားပြီ။ လက်နက်ကြီးပစ်ခတ်သံတွေကိုတော့ မြို့ထဲကနေကြားနေရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းမှာပါဝင်တဲ့ မိုးကုတ်မြို့ဟာ မိုင် ၃၀နီးပါး ကွာဝေးပြီး နယ်မြေချင်းဆက်စပ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ် ဗုံးကြဲလေယာဉ်ပျံနေသလို လက်နက်ကြီးလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့၊ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းကစပြီး စစ်တပ် နဲ့ KIA ပူးပေါင်းတပ် တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။အောက်တိုဘာ ၁ရက်မှာ‌တော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အား ၁၀၀၀ ကျော်ကို လေကြောင်းလုံခြုံရေးအကူအညီနဲ့ မန္တလေး – မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် – မိုးမိတ်လမ်းအတိုင်း ပို့ဆောင်ခဲ့ပါတယ်။ ပို့‌လိုက်တဲ့ စစ်အင်အားတွေကို မြို့အနှံ့ နေရာချထားတယ်လို့ သိရပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်အထိနာတဲ့ စက်တင်ဘာ၂၈ရက်၊ ၂၉ရက်၊အောက်တိုဘာ ၁ရက်နဲ့ အောက်တိုဘာ ၂ရက်တွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့အနီး၊ ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်တပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

လတ်တလော ဒေသတွင်း စစ်ရေးအခြေအနေကြောင့် မိုးမိတ်မြို့နဲ့ ဆက်စပ်နေတဲ့ ရွှေကူ-ငါးအိုးလမ်းမကြီးကိုလည်း အသုံးမပြုဘဲ သတ်မှတ်ထားတဲ့လမ်းကနေသာ ပြည်သူတွေသွားလာကြဖို့ KIAကအောက်တိုဘာ ၅ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမြင့်ကျွန်းအနီးတိုက်ပွဲစစ်သား၂၀ဦးထက်မနည်းသေဆုံး၊ စစ်တပ်ကပေါက်တောနဲ့ ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်နဲ့ ဗုံးကြဲ

သတင်း

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီး တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်အထိနာပြီးနောက် လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်သွားရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook