Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေး ထပ်တက်၊ ကျပ် ၁၀၃သိန်းကျော်လာ

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

ဩဂုတ်-၂၂၊၂၀၂၆။ဖိုးသား/People’s Spring

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

ဒီကနေ့(ဩဂုတ် ၂၂ ရက်) မနက်ပိုင်းမှာ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၄,၆၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့တစ်ပတ်ကထက် တစ်အောင်စကို ဒေါ်လာ ၂၀၀ ၀န်းကျင်မြင့်တက်ခဲ့ပါတယ်။

အလားတူ ပြည်တွင်း ရွှေဈေးကလည်း အရင်တစ်ပတ်ကထက် တစ်ကျပ်သား ကျပ်သုံးသိန်းနီးပါး ဈေးတက်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ ပြည်တွင်းပြင်ပရွှေပေါက်ဈေးအရ ၁၆ ပဲရည်ရောင်းဈေး တစ်ကျပ်သားကို ကျပ် သိန်း ၁၀၀နဲ့ ၃သိန်း

ကျော်ရှိပြီး ပြန်၀ယ်မယ့်ဈေးနဲ့ ကျပ် ၇ သောင်း ကွာဟထားပါတယ်။ ၁၅ ပဲရည်တစ်ကျပ်သားက ၉၇ သိန်း၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

“ကမ္ဘာ့ရွှေ ကတော့ မနေ့ကထက် ဒေါ်လာ ၂၀ လောက် တက်တယ်။ပြည်တွင်းဈေးလည်း ထပ်တက်နိုင်ပါတယ်ဈေးတန်းတွေ မငြိမ်နိုင်တဲ့အတွက် အရောင်းတွေက သတိထားရပါဦးမယ်”လို့ ပြည်တွင်းရွှေဈေး အရောင်းအ၀ယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။

ရွှေဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ဖြစ်တာကြောင့် ကမ္ဘာ့ဈေးနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လေ့ရှိပြီး အထူးသဖြင့် နိုင်ငံရဲ့ငွေ ကြေးစနစ်ပေါ်မှာ များစွာမူတည်ပြီး ဈေးအတက်အကျ များတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်မှု နဲ့ ကမ္ဘာ့အခြေအနေ တွေကလည်း ရွှေဈေးကို သိသိသာသာသက်ရောက်နိုင်ပြီး ငွေလဲနှုန်းအဆမတန်ကွာဟမှုများတဲ့ ကျပ်ငွေ တန်ဖိုးကြောင့် ရွှေဈေး အဆမတန်တက်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲ ပါ၀င်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆ မတန်ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှုဆိုးရွားနေတဲ့ မြန်မာနိုင်ငံမှာ ၅နှစ်ကျော် အတွင်း ပြည်တွင်းရွှေစျေးက စံချိန်တင်ခဲ့ပြီး အခြေခံလူ‌ထု ဟာ ရွှေဆိုင်တွေနဲ့ ပိုပြီး ဝေးကွာလာနေပါတယ်။

ဒါ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထောက်ပံ့မှုတွေရှားလာတာ အပါအ၀င် စစ်တပ်က ပုဂ္ဂလိက ကုန် သွယ်ရေးစနစ်တွေကို ထိန်းချုပ်နေတာက လူထုကို ပိုကြပ်တည်းလာစေတယ်လို့ စီးပွားရေးအကြံပေးတချို့က ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး ထပ်တက်နေပြီး တစ်ကျပ်သား ကျပ်သိန်း ၁၀၀ကျော်လာတယ်လို့ ရွှေစျေးကွက်က စုံစမ်းသိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။