Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လမျက်နှာပြင် စူးစမ်းရေး မစ်ရှင်တစ်ခုကို တရုတ် ရုတ်တရက် ရွှေ့ဆိုင်း

လမျက်နှာပြင် စူးစမ်းရေးယာဉ်ကို ဒုံးပျံနဲ့ လွှတ်တင်မယ့် အစီအစဉ် တစ်ခုကို ရွှေ့ဆိုင်းထားလိုက်ကြောင်း တရုတ် အာကာသ အေဂျင်စီက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AFP

လမျက်နှာပြင် စူးစမ်းရေးယာဉ်ကို ဒုံးပျံနဲ့ လွှတ်တင်မယ့် အစီအစဉ် တစ်ခုကို ရွှေ့ဆိုင်းထားလိုက်ကြောင်း တရုတ် အာကာသ အေဂျင်စီက ကြေညာခဲ့ပါတယ်။

လူလိုက်ပါခြင်း မရှိတဲ့ လစူးစမ်းရေးယာဉ် Chang’e-7ကို တင်ဆောင်သွားမယ့် Long March 5 ဒုံးပျံကို လွှတ်တင်ဖို့ စိတ်တိုင်းကျ မဖြစ်သေးတဲ့ အခြေအနေကြောင့် အခုလို ဆိုင်းငံ့ထားတာဖြစ်ပြီး ဘက်ပေါင်းစုံ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ အေဂျင်စီက ပြောပါတယ်။

အဲဒီ လွှတ်တင်မှု အစီအစဉ်ဟာ ၂၀၃၀ ပြည့်နှစ်မှာ တရုတ် အာကာသ ယာဉ်မှူးတွေကို လမျက်နှာပြင်ပေါ် ဆင်းသက်စေဖို့ တရုတ်ရဲ့ မဟာ ရည်မှန်းချက်ကြီးအတွက် အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

ပြန်လည်စစ်ဆေး စမ်းသပ်မှုတွေကြောင့် Chang’e-7ကို လဆီလွှတ်တင်ရေးဟာ အခုနှစ်ထဲမှာတော့ မဖြစ်နိုင်လောက်တော့ဘူးလို့လည်း အေဂျင်စီက ဝန်ခံပါတယ်။ ဘေးကင်းလုံခြုံမှုနဲ့ မစ်ရှင်အောင်မြင်ရေး သေချာစေမှုတွေအတွက် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဘယ်လို ကိစ္စမျိုးကြောင့် အခုလို အချိန်ကြာကြာ ရွှေ့ဆိုင်းလိုက်သလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။

Public Service Announcement

Public Service Announcement

Chang’e-7ဟာ လရဲ့ တောင်ဝင်ရိုးစွန်း နေရာမှာ ဆင်းသက်ပြီး ရေရှိသလားဆိုတဲ့ အထောက်အထားတွေကို ရှာဖွေဖို့ ရည်ရွယ်ထားတာပါ။ မူလက ဩဂုတ် ၂၂ ကနေ ၂၄ ရက်အတွင်း လွှတ်တင်ဖို့ လျာထားရာကနေ မစ်ရှင်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အေဂျင်စီက ဒုံးပျံနဲ့ လမျက်နှာပြင် စူးစမ်းရေး ယာဉ်တွေကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းမှာရှိတဲ့ ဝမ်ချန်း ဒုံးပျံလွှတ်တင်ရေး စခန်းဆီ ရွှေ့ပြောင်းနေပြီလို့ ကြေညာခဲ့ပါသေးတယ်။ ပြီးတော့ ဒုံးပျံနဲ့ တခြားလွှတ်တင်မှုအတွက် လိုအပ်တဲ့ အစိတ်အပိုင်းအားလုံး အခြေအနေ ကောင်းကောင်းမွန်မွန် ရှိနေကြောင်း၊ ကြိုတင် စီစဉ်ထားတဲ့ အချိန်အတိုင်း လွှတ်တင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အစီအစဉ်ကို ရွှေ့ဆိုင်းကြောင်း ပြောင်းလဲ ကြေညာခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက တရုတ်ရဲ့ ဒုံးပျံတစ်စီး လွှတ်တင်ပြီး ၁ မိနစ်ခွဲလောက် အကြာမှာတင် အပြင်းအထန် ပေါက်ကွဲမီးလောင်သွားတဲ့ ဖြစ်ရပ်အပြီးမှာ ပေါ်ပေါက်လာတာပါ။ ဩဂုတ် ၁၀ ရက်နေ့တုန်းက ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းဆီ ပို့ဆောင်ဖို့ ဟိုင်နန်ကနေ ပျံတက်သွားခဲ့တဲ့ Long March 7A ဒုံးပျံ ပေါက်ကွဲပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းကတော့ အေဂျင်စီဖက်က Long March 7A ဒုံးပျံဟာ လစူးစမ်းရေး မစ်ရှင်တွေအတွက် တည်ဆောက်ထားတဲ့ Long March 5 ဒုံးပျံနဲ့ တည်ဆောက်ပုံ လုံးဝကွဲပြားကြောင်းနဲ့ ဒုံးပျံပေါက်ကွဲမှုကြောင့် တရုတ်ရဲ့ လမျက်နှာပြင် စူးစမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်စေမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်မှာရှိတဲ့ လျှပ်စစ်ကား (EV) သုံးသန်းလောက်ရဲ့ တံခါးလက်ကိုင်တွေ ပြန်လဲတပ်ပေးဖို့ အမေရိကန် EVကုမ္ပဏီ Teslaက စီစဉ်နေပါတယ်။

နိုင်ငံတကာ

တရုတ်က တီထွင်တဲ့ လူတူစက်ရုပ် တစ်ခုဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ လူသားတွေရဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။