Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက် အားပေး နိုင်ငံစာရင်းကနေ အမေရိကန် ဖယ်ရှားပေး

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

ဒါဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီး ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကနေ ဆီးရီးယားကို ကင်းလွတ်ခွင့် ရလာစေတာ ဖြစ်သလို အစိုးရသစ်နဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး နွေးထွေး ကောင်းမွန်လာတာကိုလည်း မြင်သာစေခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဩဂုတ် ၂၄ ရက်နေ့မှာ အယ်လ်နျူဆာရာ တပ်ဦးကိုလည်း နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကနေ ရုပ်သိမ်းပေးခဲ့ပါတယ်။ တစ်ဖက်မှာတော့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆီးရီးယားနဲ့ အဲဒီအဖွဲ့အပေါ် စီးပွားရေး ပိတ်ဆို့ထားမှုတွေကနေ ဖြေလျှော့ပေးမယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

အယ်လ်နူဆာရာ တပ်ဦးကို ဟေယတ်တာရာ အယ်လ်ရှမ် (HTS)ဆိုတဲ့ နာမည်နဲ့လည်း ခေါ်ဝေါ်ပါတယ်။ HTS ဦးဆောင်တဲ့ ဆီးရီးယား တော်လှန်ရေး တပ်တွေဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဒမတ်စကက်ထိ ချီတက်ပြီး အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဖြုတ်ချခဲ့ပြီး ၁၃ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ပိုင်းမှာတော့ HTSရဲ့ ခေါင်းဆောင် အာမက် အယ်လ်ရှာရားဟာ ဆီးရီးယား တော်လှန်ရေး အစိုးရသစ်ကို ဦးဆောင်ခဲ့သလို အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ အင်တိုက်အားတိုက် ကြိုးစားလာခဲ့ပါတယ်။

အကြမ်းဖက် အားပေးနိုင်ငံ စာရင်းကနေ ဖယ်ရှားပေးလိုက်ခြင်းက ဆီးရီးယားအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာအောင် အထောက်အကူ ဖြစ်စေနိုင်သလို နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုကိုပါ ရရှိလာစေမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးမယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကတိအတိုင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဆီးရီးယားကို အကြမ်းဖက် အားပေးနိုင်ငံ အဖြစ်ကနေ ဖယ်ရှားပေးလိုက်တာဟာ အမေရိကန်ရဲ့ နိုင်ငံတကာ အကြမ်းဖက် တိုက်ဖျက်ရေး မူဝါဒတွေမှာ အပြောင်းအလဲ ရှိလာစေမယ့် အဓိပ္ပါယ် မဟုတ်ကြောင်း၊ ဆီးရီးယားမှာရှိတဲ့ ဆိုးယုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ တင်းမာတဲ့ သဘောထားက ပြောင်းလဲမှာ မဟုတ်ကြောင်းလည်း ဘက်ဆန့်က သတိပေးသွားပါတယ်။

HTSဟာ အရင်က အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ရဲ့ ဆီးရီးယား အဖွဲ့ခွဲအဖြစ် လှုပ်ရှားခဲ့ပြီး ၂၀၁၆ မှာ အယ်လ်ကိုင်ဒါနဲ့ အဆက်ဖြတ်ခဲ့တာပါ။ ဇူလိုင်လတုန်းက ထရမ့်ဟာ တူရကီမှာ NATO စစ်မဟာမိတ် ညီလာခံ တက်ရောက်ရင်း ဆီးရီးယားရဲ့ လက်ရှိ သမ္မတဖြစ်တဲ့ အယ်လ်ရှာရားနဲ့ တွေ့ဆုံခဲ့ပြီး ဆီးရီးယားကို အကြမ်းဖက် အားပေး နိုင်ငံစာရင်းကနေ ဖယ်ရှားပေးမယ့်အကြောင်း ကတိပေးခဲ့ပါတယ်။

ဩဂုတ် ၂၄ ရက်နေ့မှာတော့ ဆီးရီးယားဟာ တကယ်ပဲ အဲဒီစာရင်းကနေ တရားဝင် ဖယ်ရှားခံခဲ့ရပြီး နိုင်ငံအတွက် ကြီးပွားတိုးတက်ရေး လမ်းစပေါ် ပြန်ရောက်သွားပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်အပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ ကြေညာခြင်းနဲ့အတူ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံဟာ ကြုံဖူးသမျှ အကြီးမားဆုံး ဘဏ္ဍာရေးဆိုင်ရာ ထိုးနှက်ချက်မျိုးကို ကြုံတွေ့လာတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ကျင့်သုံးမယ်ဆိုတဲ့ အမေရိကန် ခြိမ်းခြောက်မှုဟာ ကြံမိကြံရာတွေ လျှောက်လုပ်နေတယ် ဆိုတာကို ညွှန်ပြပြီး ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားတဲ့နောက် အမေရိကန်က အခွန်တိုးမြှင့် စည်းကြပ်မှုတိုင်းကို တူတူညီညီ လက်တုံ့ပြန်သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။