Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်၊စံပြရွာအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် တွေသိမ်းယူ

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

(မြင်းခြံ ပကဖ တပ်ဖွဲဝင်​တွေ(ပုံ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-မြင်းခြံပကဖ)

ဩဂုတ်-၂၆၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

ဩဂုတ်လ၂၆ရက်၊မနက်၄နာရီ ဝန်းကျင်မှာ မြင်းခြံမြို့ရဲ့အရှေ့မြောက်ဘက်နွားထိုး- မြင်းခြံလမ်းပိုင်းက စံပြရွာမှာအထိုင်ချထားတဲ့ စစ်တပ်အထိုင်စခန်းကိုတော်လှန်​ရေးပူးပေါင်းတပ်​တွေကတိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်သားနဲ့ပျူ​စောထီးတွေအားလုံး ထွက်ပြေးခဲ့ပြီး နေရာမှာ သွေးကွက် တွေနဲ့ ဘတ်ထရီ၊ဆိုလာချပ်တွေကျန်ခဲ့ပါတယ်။အဲ ဒီနေရာကို တော်လှန်ရေးတပ် တွေကရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဘေးနားက စစ်တပ်အထိုင်ရွာတွေနဲ့နီးတယ်။ကင်းရွာဆို မီတာ၄၀၀ လောက်ပဲဝေးတာ။ဒါပေမယ့်ဘယ်ကောင်မှထွက်မလာရဲဘူး။တော်လှန်ရေးပူးပေါင်းအဖွဲ့ တွေကအထိခိုက်မရှိပြန်ဆုတ်လာနိုင်ပါတယ်”လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

တော်လှန်ရေး တပ်တွေ ပြန်ဆုတ်ခွာလာပြီးတဲ့နောက် မနက်၁၀နာရီလောက်မှာစစ်တပ်က အင်အားပြန်ဖြည်ပြီး စံပြရွာအတွင်းကို ပြန်ဝင်ကာအနီးပတ်ဝန်းကျင် ရွာ တွေကို ကင်းလှည့်တာ တွေလည်းလုပ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

နွားထိုးကြီး- မြင်းခြံလမ်းပိုင်းကို စစ်တပ်က ၂၀၂၅ခုနှစ်၊ဩဂုတ်လက ပြန်လည်ထိန်းချုပ်ခဲ့ပြီး ကျေးရွာအများစုမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်​ရေးကို မြင်းခြံမြို့နယ်ပကဖ၊ဗိုလ်ဆားပျောက်ကြားတပ်ဖွဲ့၊ပြည်သူ့ကြယ်တပွင့်၊မြင်းခြံ 35 ပျောက်ကြားတပ်ဖွဲ့၊အညာဖက်ဒရယ် ထနောင်းစစ် ကြောင်းတို့ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်ဖြစ်စဉ်တွေလို့ပြောလိုက်တာနဲ့ အဲဒီဖြစ်စဉ်တွေကို ဇာတ်ကြောင်း ပြန်ပြောစရာမလိုအောင် ကျွန်တော်တို့မှတ်ဉာဏ်တွေထဲမှာ မှတ်မှတ်သားသားရှိနေကြပါတယ်။ ဘာဖြစ်လို့လဲလို့ မေးလာရင်တော့ လက်မရွံ့စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုက ကမ်းကုန်နေလို့ပဲလို့ ဖြေပါမယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ် အုပ်လိုက်နဲ့ သုံးရက်ဆက်ဗုံးကြဲခဲ့တာ​ကြောင့် အရပ်သား၊ ထိခိုက်သေဆုံးမှုတွေ ဆယ်နဲ့ချီ ရှိနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။