Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာဖက်က ကျားဖြန့်ဂိုဏ်းမှာ အလုပ်သွားလုပ်မယ့် တရုတ် ၇ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ - CIB

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ တရုတ်နိုင်ငံသားတွေဟာ တရားမဝင် နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံ ပိုင်နက်ထဲ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်ဖက်ခြမ်း နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေမှာ အလုပ်သွားလုပ်ဖို့ စီစဉ်ထားတယ်လို့ ရဲတွေက ထုတ်ပြန်ပါတယ်။

ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)နဲ့ ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဩဂုတ် ၃၀ ရက်နေ့က ချွန်ဘူရီပြည်နယ်၊ မူအန်ချွန်ဘူရီ မြို့နယ်ထဲက အဝေးပြေးလမ်းပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စစ်ဆေးမှုတွေအတွင်း ကား ၂ စီးပေါ် ပါလာတဲ့ တရုတ်နိုင်ငံသား ၇ ဦး၊ အခကြေးငွေယူပြီး သူတို့ကို ကူညီပေးခဲ့တယ်လို့ ယုံကြည်ရသူ ထိုင်းယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

တရုတ်နိုင်ငံသားတွေနဲ့အတူ မိုဘိုင်းဖုန်း ၁၄ လုံး၊ ပျက်စီးနေတဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်စာအုပ်) ၄ အုပ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံပိုင်နက်ထဲ ခွင့်ပြုချက်မဲ့ ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ပြီး ကြံရာပါ ထိုင်း ၂ ဦးကိုတော့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ခိုလှုံခွင့်ပေးမှု၊ သယ်ယူပို့ဆောင်ပေးမှုတွေအတွက် ဖမ်းဆီးထားပါတယ်။

အဖမ်းခံရတဲ့ ထိုင်းနှစ်ဦးက သူတို့ဟာ ချန်သာဘူရီပြည်နယ်၊ မက်ခမ်းခရိုင်မှာ တရုတ်နိုင်ငံသားတွေကို သွားရောက် ခေါ်ယူပြီး ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ တစ်ဦးကို ဘတ် ၁၀၀၀၀ နဲ့ ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း ထွက်ဆိုထားပါတယ်။

တရုတ်နိုင်ငံသားတွေက သူတို့ဟာ ဗီယက်နမ်ကနေ ကမ္ဘောဒီးယားကို ဖြတ်ပြီး တောလမ်းကနေ ထိုင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း၊ ပြီးတော့ ကရင်ပြည်နယ်ဖက်ခြမ်းက ကျားဖြန့်လုပ်ငန်း တစ်ခုဆီ ခရီးဆက်ဖို့ စီစဉ်ထားကြောင်း ဝန်ခံခဲ့ပါတယ်။ အဖမ်းခံရတဲ့ တရုတ် ၇ ဦးထဲက တရုတ်ဟာ ကျားဖြန့်လုပ်ငန်းတွေအတွက် တရုတ် အစိုးရရဲ့ ဝရမ်းထုတ်ခြင်း ခံထားရကြောင်းလည်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

တရုတ်တွေ အပါအဝင် လက်ရှိ အဖမ်းခံထားရသူ အားလုံးက သူတို့အပေါ် စွပ်စွဲချက်တွေကို ဝန်ခံထားပြီး အာဏာပိုင်တွေက တရားစွဲဆိုမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။

သတင်း

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။