Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို တရားဝင်မှုပေးတဲ့ လုပ်ရပ်တွေရှောင်ဖို့နဲ့ ဒုက္ခသည်ပြန်ပို့ဆောင်တာတွေကနေ ကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ပြည်ပရောက်မြန်မာတွေ တောင်းဆို

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ − စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ - ကိုရီးယား

စက်တင်ဘာ-၂၊၂၀၂၆။တေဇ/People’s Spring

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုကို ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ဩစတြေးလျ၊ ဂျပန်နိုင်ငံ‌တွေက ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ထံကို အိတ်ဖွင့်‌ပေးစာ ပေးပို့ခဲ့ကြတာလို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက အသိပေးထားပါတယ်။

ကိုရီးယားနိုင်ငံမှာ ဒေသစံတော်ချိန် နေ့လည် ၁၁ နာရီက ထိုင်းသံရုံးရှေ့မှာ မြန်မာအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ပြီး အဲဒီလှုပ်ရှားမှုကို ပြုလုပ်ကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယူကေရောက်မြန်မာနိုင်ငံသားတွေကလည်း လန်ဒန်မြို့ရှိ၊ ထိုင်းနိုင်ငံသံရုံးရှေ့မှာ စက်တင်ဘာ ၂ ရက် နေ့လည် ၁၂ နာရီက သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းဝန်ကြီးချုပ်ကိုပေးပို့တဲ့ တောင်းဆိုစာမှာ ထိုင်းနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ပံ့ပိုးပေးခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် ကျေးဇူးတင်‌ကြောင်းနဲ့ တရားမဝင်အာဏာသိမ်းကာ အရပ်သား‌‌တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှုကျူးလွန်နေတဲ့ မင်းအောင်လှိုင်နဲ့ လတ်တလော ထိတွေ့ဆက်ဆံမှုတွေအပေါ် စိုးရိမ်ပူပန်မှု‌တွေကို ထောက်ပြထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်တဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်ကြောင့် မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်ခံရရင် ဖိနှိပ်ချုပ်ချယ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် အဓမ္မစစ်သားစုဆောင်းခံရမှု‌ တွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့နဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံဖို့ အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်​ကြောင်းရဲ့၇၂ရာခိုင်နှုန်းခန့် ပစဖြစ်​နေ