Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့ပေါ် စစ်တပ်ဗုံးကြဲလို့ ဒဏ်ရာရ​သူတွေထဲမှာ ၆ ဦးပြင်းထန်ပြီးစိုးရိမ်​နေရ

စစ်တွေမြို့ပေါ်လူနေရပ်ကွက်ကို စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး ၊ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

(စစ်​တွေမြို့​ကုတင် ၅၀၀ ​ဆေးရုံ(ပုံအ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-​ဒေသခံ)

■စစ်တပ်ကစစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်ကိုဒရုန်းနဲ့ လေယာဉ်တွေဝဲနေတာကြောင့် သေဆုံးသူတွေကို မသင်္ဂြိုလ်နိုင်သေး

■​ဒေသခံ​တွေစိုးရိမ်ပြီး ​ပြောင်း​ရွေ့​နေကြ

■ စစ်တပ်ကပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကို ဗုံးထပ်ကြဲ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ-၂၃၊၂၀၂၆။ခိုင်မြတ်/ People’s Spring

Public Service Announcement

Public Service Announcement

စစ်တွေမြို့ပေါ်လူနေရပ်ကွက်ကို စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး ၊ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်ဟာ ဒီ​နေ့ မနက် ၈ နာရီဝန်းကျင်မှာ Y12 လေယာဉ်တစီး၊ ဒရုန်းအချို့နဲ့ စစ်တွေမြို့ထဲ ကျောင်းတက်လမ်းရပ် ကွက်ရှိ ရွှေငါးခွဆုံဝန်းကျင်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး အဲဒီဗုံးကြဲမှုကြောင့် ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါ တယ်။

“၁၆ ယောက်ကတော့ ဆေးရုံမှာ။ ခွဲစိတ်တာတွေလုပ်နေကြရတယ်။ ၆ ယောက်က အခြေအနေမကောင်းဘူးလို့ ဆရာဝန်တွေ ပြောတယ်။အခု မြို့ထဲက ဆူ(ပွက်လောရိုက်)နေကြတယ်။ပြေးတဲ့သူပြေးကြတယ်။ ကျောင်းတက်လမ်းကလူတွေတော့ ပြောင်းနေကြပြီ” လို့ ကျောင်းတက်လမ်းရပ်ကွက်မှ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင်စစ်တပ်ကမြို့လယ်ကိုဗုံးကြဲပြီးနောက်မှာလည်း မြို့ပေါ်နဲ့ အနီးဝန်းကျင်ကို ဒရုန်း၊ လေယာဉ်တွေ ဝဲနေ တာကြောင့် ဗုံးထိမှန်သေဆုံးသွားသူတွေကို သင်္ဂြိုလ်ဖို့အဆင်မပြေသေးဘူးလို့လည်း မြို့ခံတွေနဲ့ သေဆုံးသွားသူ တွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“ဒရုန်းတွေအများကြီးဝဲတယ်။ Y12 လည်းဝဲနေလို့ သင်္ဂြိုလ်ဖို့ အဆင်မပြေသေးဘူး။ အခြေအနေစောင့်ကြည့်နေပါ တယ်။ ဆေးရုံက ဝန်ထမ်းတွေတောင် ကြောက်နေကြတယ်” လို့ စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတဦးရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေထဲမှာစစ်တွေအခြေစိုက်လူမှုကူညီရေးအသင်းတခုဖြစ်တဲ့ ရွှေရောင် မေတ္တာဖောင်ဒေးရှင်းက အသင်းဝင်လူငယ်တဦးလည်း ပါဝင်ပါတယ်။ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်တွေက အာရက္ခ တပ်တော်(AA)က လက်နက်ကြီးနဲ့ ပစ်တာဖြစ်ပြီး စစ်တပ်ဗုံးကြဲတာမဟုတ်ဘူးလို့ ရေးသားနေကြပါတယ်။

ဒါပေမယ့် စစ်တွေမြို့ခံတွေကတော့ စစ်တပ်ထောက်ပို့လေယာဉ် Y12 ပေါ်ကနေ ဗုံးချတာကို ကိုယ်တိုင်မြင်တွေ့ လိုက်ရသူတွေရှိနေပြီး စစ်တပ်ကရည်ရွယ်ချက်ရှိရှိ မြို့ကိုဗုံးကြဲတာလို့ ​ပြောကြပါတယ်။

ဒါ့အပြင် စစ်တပ်ကဒီ​နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ် ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စာသင်ကျောင်းနားကို ကျတယ်”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

စစ်တွေတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့ပေါ် မြို့အနီးပတ်လည် နေရာတွေ၊ စစ်တွေနဲ့ ထိ စပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဒရုန်း၊ Y12 ၊ ကင်းထောက်လေယာဉ်တွေနဲ့ အချိန်ပြည့်နီးပါးကင်းထောက်တာတွေ လုပ်နေပြီး အရပ်သားလူနေကျေးရွာတွေကို ဗုံးကြဲတာတွေလည်း ဆက်တိုက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းနဲ့ စံပြရပ်ကွက်တို့ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေ ဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ မြို့မစျေးကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့အမည်တပ်ပြီးအာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတာ တစ်လခွဲကျော်ရှိပြီဖြစ်ပါတယ်။ဒါ​ပေမယ့် AA ရဲ့တိုက်ခိုက်မှု​ကြောင့်စစ်ဦးကျိုးတာ၊တပ်လန်တာကြုံ​နေရပြီး စစ်တပ်စခန်းတွေလက်လွှတ်၊ အထိနာနေ ကာ အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ အောက်တိုဘာ ၂၁ ရက်နေ့ထိ တစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ပြည်သူ ၉၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၅၉ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငပြီကျွန်းတိုက်ပွဲ နှစ်ပတ်ကျော်အတွင်း စစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ခန့် အဖမ်းခံရ

ဆောင်းပါး

အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီကျော်က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမြောက်ပိုင်းက ကပ်ရပ် အိမ်ကလေး ၂ လုံးအနက် တစ်လုံးမှာ လင်ယောကျာ်းသေဆုံးသွားပြီဖြစ်တဲ့ မစိုး(အမည်လွှဲ)နဲ့ သူ့ရဲ့သမီး ၃ ယောက်ရယ်၊ နောက်တစ်အိမ်မှာတော့ မအေးမာနဲ့ သမီး ၃ ယောက်ရယ် ရှိနေကြတယ်။...

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာနဲ့ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။