Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်ခဲ့တဲ့ အင်းတော် မဲဇာရွာမှာ စစ်တပ်ရုပ်အလောင်းအများအပြားတွေ့

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

(အင်းတော်ဒေသအခြေစိုက် PDF ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အောက်တိုဘာ-၂၃၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

မဲဇာကျေးရွာမှာ စစ်တပ်က အောက်တိုဘာလဆန်းပိုင်းမှာ ဝင်ရောက်တပ်စွဲခဲ့တာပါ။ ရွာကိုမဝင်နိုင်ခင်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲပြီးမှ တပ်စွဲနိုင်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောတယ်။

အဲဒီနောက်ပိုင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က ကျေးရွာကို ယာယီထိန်းချုပ်နိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၀ရက်မှာ စစ်တပ်က ဝန်းသိုနဲ့ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်းထွက်ခွာသွားတဲ့အတွက် ဒေသခံတွေက မဲဇာရွာအတွင်း ပြန်ဝင်စဉ် ရုပ်အလောင်းတွေ တွေ့ရှိရတာလို့ သိရပါတယ်။

” စစ်တပ်ရှိနေတဲ့အချိန်ကလည်း တော်လှန်ရေးတပ်တွေကပိတ်ပြီးတိုက်တာ။ ခဏပဲ တပ်စွဲနိုင်တာ။အကြာကြီးမနေနိုင်ဘူး။အခုပြန်ထွက်သွားတော့ ဒေသခံတွေကခဏပြန်ဝင်တာပေါ့။ စစ်ကြောင်းရန်လည်းရှိတယ်၊လေကြောင်းကလည်းပစ်နိုင်တာမို့ အပြီးပြန်ပြီးအခြေချဖို့မဖြစ်နိုင်သေးဘူး။ ရွာကိုပြန်ဝင်တော့ အိမ်ဝင်းတွေထဲမှာရော၊ လမ်းတွေမှာပါ စစ်တပ်ဘက်က ရုပ်အလောင်းတွေမြုပ်သွားတာလို့ ကြားတယ်။ စုစုပေါင်း၅၀မကဘူး။ တိုက်ပွဲကလည်း ထီးချိုင့်ဘက်မှာရော ၊ ဝန်းသိုဘက်မှာပါဆက်ဖြစ်နေတယ်”လို့ တော်လှန်‌ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။တိုက်ပွဲတွေကြောင့် အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော် -ဝန်းသိုလမ်းက ဒေသခံတွေလည်း ဘေးလွတ်ရာမှာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းကနေလည်းဗုံးကြဲနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ရက်ကတိုက်ပွဲတွေအတွင်းမြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ဆက်စပ်တဲ့မဲဇာ-စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးရွာတွေကို စစ်‌ကောင်စီက Y-12နဲ့ ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲကရွာတွေမှာလည်း စစ်ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။ ဒါ့အပြင် ပင်လယ်ဘူးမြို့နယ်ထဲမှာလည်း လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပါဝင်ပြီး ထိခိုက်သေဆုံးမှုတွေများပြားနေကြောင်းနဲ့ စစ်‌ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငပြီကျွန်းတိုက်ပွဲ နှစ်ပတ်ကျော်အတွင်း စစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ခန့် အဖမ်းခံရ

ဆောင်းပါး

အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီကျော်က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမြောက်ပိုင်းက ကပ်ရပ် အိမ်ကလေး ၂ လုံးအနက် တစ်လုံးမှာ လင်ယောကျာ်းသေဆုံးသွားပြီဖြစ်တဲ့ မစိုး(အမည်လွှဲ)နဲ့ သူ့ရဲ့သမီး ၃ ယောက်ရယ်၊ နောက်တစ်အိမ်မှာတော့ မအေးမာနဲ့ သမီး ၃ ယောက်ရယ် ရှိနေကြတယ်။...

သတင်း

စစ်တွေမြို့ပေါ်လူနေရပ်ကွက်ကို စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး ၊ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာနဲ့ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။