Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီးနေပေမယ့် စီစဉ်ထားတဲ့အတိုင်း မင်္ဂလာဆောင်ခဲ့တဲ့ ဖိလစ်ပိုင် စုံတွဲ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

ဓာတ်ပုံ - St. John the Baptist Parish Hagonoy, Bulacan

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

စက်တင်ဘာ ၁ ရက်နေ့တုန်းက ဖိလစ်ပိုင် စုံတွဲတစ်တွဲဟာ မနီလာမြို့တော် မြောက်ဖက်က ဟာဂိုနွိုင် မြို့မှာရှိတဲ့ ကက်သလစ် ဘုရားကျောင်း တစ်ခုမှာ မင်္ဂလာ ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လအတွင်း ဖိလစ်ပိုင် နိုင်ငံအနှံ့မှာ မိုးတွေ သည်းသည်းထန်ထန် ရွာသွန်းတာကြောင့် နေရာတချို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မင်္ဂလာပွဲအတွက် စီစဉ်ထားတဲ့ နေ့မှာလည်း ဟာဂိုနွိုင်မှာ ရေကြီးပြီး စိန့်ဂျွန်း ဘုရားကျောင်းပါ ရေမြုပ်နေတာကြောင့် ပွဲကို ရက်ရွှေ့ဖို့ ဘုရားကျောင်းက အကြံပြုခဲ့ပါတယ်။

ဒါပေမဲ့ သတို့သားရော၊ သတို့သမီးပါ သူတို့သတ်မှတ်ထားတဲ့ ရက်ကို မဖျက်ချင်တာကြောင့် ရွှံ့ရေတွေ ပေါင်ရင်းနားလောက်ထိ ရောက်နေတဲ့ ဘုရားကျောင်းထဲမှာပဲ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီးက အသက် ၃၀ ကျော်စီ ရှိကြတဲ့ လိုင်ယန်လီဇာနဲ့ ဂီလ်ဘတ် ချီကိုတို့ကို အကြင်လင်မယားအဖြစ် သတ်မှတ် ကြေညာပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ဘုရားကျောင်းဟာ မင်္ဂလာပွဲ အခမ်းအနား ဓာတ်ပုံတချို့ကိုလည်း လူမှုကွန်ရက်မှာ မျှဝေထားခဲ့ပါတယ်။

မင်္ဂလာပွဲရဲ့ ဓာတ်ပုံဆရာ မစ်ကို ရေးအယ်လ်ဖွန်ဆိုက သူ့တစ်သက်မှာ ပထမဆုံးအကြိမ် ရေကြီးနေတဲ့ မင်္ဂလာပွဲကို မှတ်တမ်းတင်ခွင့် ရခဲ့တာလို့ ပြောပါတယ်။ ဘုရားကျောင်းဖက်က အခမ်းအနားရွှေ့ဖို့ ပြောပေမယ့်လည်း မင်္ဂလာပွဲ ကျင်းပခဲ့တာက ကာယကံရှင် စုံတွဲရဲ့ ဆုံးဖြတ်ချက်လို့ သူက ဆိုပါတယ်။

သတို့သား၊ သတို့သမီးရဲ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့ အနေနဲ့ ဘုရားကျောင်းကရော၊ သူ့အဖွဲ့သားတွေကပါ မင်္ဂလာပွဲ ဖြစ်မြောက်အောင် ဆက်ပြီး ကူညီခဲ့တယ်လို့ အယ်လ်ဖွန်ဆိုက ရှင်းပြပါတယ်။ ဘုရားကျောင်း ခန်းမအလယ်က ရေလွှမ်းနေတဲ့ လျှောက်လမ်းအတိုင်း အဖြူရောင် မင်္ဂလာဝတ်စုံနဲ့ သတို့သမီးက ဖြည်းဖြည်းချင်း လျှောက်သွားတဲ့ ဗီဒီယိုကလည်း လူမှုကွန်ရက် သုံးစွဲသူတွေကို အထူးအာရုံကျနေစေပါတယ်။

မင်္ဂလာပွဲကို သတ်မှတ်ထားတဲ့အတိုင်း ပြီးစီးအောင် ကျင်းပနိုင်ခဲ့ပေမယ့် မြို့ထဲမှာ ရေတွေကြီးနေလို့ ဧည့်ပရိသတ်ကတော့ ၁၅ ဦးလောက်ပဲ တက်ရောက်နိုင်ခဲ့ပါတယ်။

အခုနှစ် မိုးရာသီအတွင်း ဖိလစ်ပိုင်မှာ ပုံမှန်ထက် ပိုပြီး သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေ ဖြစ်ပွားနေသလို နောက်ဆက်တွဲ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၃၄ ဦးထက်မနည်း ရှိလာကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ကျောင်းသား ၂ ဦး သေဆုံးခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဖိလစ်ပိုင် သမ္မတက ကျောင်းတွေမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ တားဆီးရေး စံနှုန်းတွေ မြှင့်တင်နိုင်ရေး နည်းလမ်းရှာဖို့ ညွှန်ကြားလိုက်ပါတယ်။