Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်-အီဂျစ် လေတပ်ပူးပေါင်းလေ့ကျင့်မှု အစီအစဉ် ပြီးဆုံး

တရုတ်နဲ့ အီဂျစ် လေတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Eagles of Civilization 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးခဲ့ကြောင်း နှစ်နိုင်ငံ စစ်ဘက်က အသီးသီး ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - China Military Bugle

တရုတ်နဲ့ အီဂျစ် လေတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Eagles of Civilization 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးခဲ့ကြောင်း နှစ်နိုင်ငံ စစ်ဘက်က အသီးသီး ကြေညာခဲ့ပါတယ်။

အခု လေတပ် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ အာဖရိကတိုက်မှာ စစ်ရေးဩဇာ လွှမ်းမိုးဖို့ တရုတ်ရဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ခံရပြီး နိုင်ငံတကာ စစ်ရေးသုတေသီတွေက အလေးအနက် စောင့်ကြည့်ခဲ့ပါတယ်။ Eagles of Civilization 2026ရဲ့ လေ့ကျင့်မှု အစီအစဉ်တွေဟာ ဩဂုတ် ၂၂ ရက်မှာ စတင်ပြီး စက်တင်ဘာ ၇ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

အာဖရိကတိုက်ရဲ့ အင်အားအတောင့်တင်းဆုံး လေတပ်တစ်ခုဖြစ်တဲ့ အီဂျစ်လေတပ်နဲ့ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) လေတပ်တို့ဟာ အဲဒီ လေ့ကျင့်မှု အစီအစဉ်အတွင်း မဟာဗျူဟာမြောက် ပျံသန်းမှု အမျိုးမျိုးကို လုပ်ဆောင်ခဲ့ပါတယ်။ စစ်လေယာဉ်တွေ စစ်ဆင်ရေးအဆင့် ပူးပေါင်းပျံသန်းတာ၊ တိုက်လေယာဉ်တွေ အပြိုင်အဆိုင် စီးချင်းထိုးတာတွေအပြင် လေကြောင်းအန္တရာယ် ကြိုတင် အချက်ပေး လေယာဉ်ကြီးတွေနဲ့ ကောင်းကင်မှာဆီဖြည့်တဲ့ လေယာဉ်တွေနဲ့ပါ အခုလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြပါတယ်။

အီဂျစ်နိုင်ငံအနှံ့က လေတပ်စခန်းတွေမှာ ဖြန့်ကျက်လုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်ဟာ အဆင့်မြင့် J-16 တိုက်လေယာဉ်တွေကို အာဖရိကတိုက်ဆီ ပထမဆုံးအကြိမ် ပေးပို့ခဲ့ပါတယ်။ အဲဒီလေယာဉ်တွေဟာ ကောင်းကင်ယံမှာ ဆီဖြည့်တဲ့ မစ်ရှင်တွေနဲ့ အီဂျစ်ထိရောက်အောင် ပျံသန်းခဲ့ကြတာ ဖြစ်ပါတယ်။ အီဂျစ်ကတော့ ပြင်သစ်ထုတ် Rafale တိုက်လေယာဉ်တွေနဲ့ ရုရှားလုပ် MiG-29M/M2 တိုက်လေယာဉ်တွေကို လေ့ကျင့်မှုမှာ အသုံးပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီစစ်ရေးလေ့ကျင့်မှု အတောအတွင်း တရုတ်ရဲ့ YY-20A ဆီဖြည့်လေယာဉ်ဟာ အီဂျစ်ရဲ့ Rafale တိုက်လေယာဉ်တွေကို ပျံသန်းရင်း ဆီဖြည့်ပေးခဲ့ခြင်းပါပဲ။ အနောက်နိုင်ငံ ဒီဇိုင်းထုတ် တိုက်လေယာဉ်နဲ့ တရုတ်ဆီဖြည့်လေယာဉ် ချိတ်ဆက် အလုပ်လုပ်မှုဟာ စစ်ရေးသုတေသီတွေကို အထူးတလည် စိတ်ဝင်စားစေခဲ့ပါတယ်။

တရုတ်အစိုးရပိုင် Global Times သတင်းဌာနကတော့ လေ့ကျင့်မှုတွေမှာ ဝေဟင်စီးချင်းထိုးတာတွေ၊ မြေပြင်ပစ်မှတ်တွေကို ဗုံးကြဲမှုတွေ၊ ဝေဟင်မှာ ဆီဖြည့်တာတွေလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ လေယာဉ်တွေသာ မကဘဲ နှစ်နိုင်ငံစစ်တပ် ရဟတ်ယာဉ်တွေလည်း လေ့ကျင့်မှု အစီအစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။

အီဂျစ်နဲ့ တရုတ်တို့ကြား လေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်တာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးချိန်မှာ PLA လေတပ်ရဲ့ လေယာဉ်တချို့ဟာ အီဂျစ်ရဲ့ အယ်လ်အလာမိန်းမြို့မှာ စက်တင်ဘာ ၈ ရက်ကနေ ၁၀ ရက်ထိ ကျင်းပမယ့် နိုင်ငံတကာ လေကြောင်းပြပွဲ တစ်ခုဆီ သွားရောက်ပူးပေါင်းမယ်လို့လည်း သိရပါတယ်။

ကိုးကား: Global Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဆော်ဒဲလ်ကြောင့် တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားပြီး ကျောင်းတွေနဲ့ ပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပါ ယာယီ ပိတ်ထားရပါတယ်။

သတင်း

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အီဂျစ် ခရီးစဉ်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေးကဏ္ဍ မြှင့်တင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း အီဂျစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်မှာ ဟင်းသီးဟင်းရွက်တွေကို ဖော်မလင် စိမ်တယ်ဆိုတဲ့ သတင်းကြောင့် အာရှနိုင်ငံ တချို့မှာ ဂေါ်ဖီထုပ်တွေကို ဓာတ်ခွဲ စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။