Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်ကို စစ်တပ်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ပိုလုပ်လာဟု KA တပ်ရင်း-၅ တာ၀န်ရှိသူ ပြော

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(စက်တင်ဘာ ၅ ရက်က လွိုင်ကော်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေကြေပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ -၉၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စစ်တပ်စခန်းကုန်းကို ကရင်နီပူးပေါင်းတပ်တွေသိမ်းပိုက်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်လာတယ်လို့ ဆိုပါတယ်။

“သူ့ဖက်ကိုယ့်ဖက် ကာတာမျိုးရှိမယ်။အရင် လွိုင်ကော်ရှေ့ဖက်ခြမ်းမှာ တနေရာလုပ်တာရှိမယ်။ရန်သူ (စစ်တပ်)ဘက်ကတော့ ဒရုန်းတွေနဲ့ရော လေယာဉ်နဲ့ပါ ခပ်စိပ်စိပ်ပိုလုပ်လာတာ ရှိတယ်။အရင်တခါမှ မကြဲတဲ့နေရာတွေပါ ဒရုန်းတွေ ကြဲတာမျိုးတွေ အခုနောက်ပိုင်းတွေ့ရတယ်”လို့ အထက်ပါတာ၀န်ရှိသူက လက်ရှိကရင်နီ ဒေသတွင်းစစ်ရေးအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်လနောက်ဆုံးပတ်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တောင်ကုန်းစခန်းတစ်ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းနိုင်ခဲ့ပြီး စစ်တပ်က သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ကာ လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစလို့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာကာ စက်တင်ဘာ ၅ ရက်က လွိုင်ကော်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာက ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

မနေ့က(စက်တင်ဘာ ၈ ရက်) လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရတာကြောင်း အနည်းဆုံး စစ်ရှောင် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အခုစက်တင်ဘာ ၁ရက်က ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရတာရှိပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ဖြစ်နေတာကြောင့် အရပ်သားပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ ကရင်နီအရပ်ဘက်နဲ့ စစ်ရေးတာ၀န်ရှိသူ‌တွေက တိုက်တွန်းထားပါတယ်။

“အဓိကတော့ လွိုင်ကော်အရှေ့ခြမ်းကို မဲနေတာ။ဒါပေမယ့် တားဆီးဖို့ခက်တဲ့ လေကြောင်း အခြေအနေအရ အကုန်ဂရုစိုက်နေကြရတယ်”လို့ အသက်(၄၀)အရွယ် ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆိုမြို့နယ်နဲ့ ကရင်နီနဲ့ ရှမ်းတောင်အစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က မကြာခဏ စစ်ကြောင်းတွေ ထိုး‌နေပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နန်းမယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်ရေးအပါအ၀င် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိက လမ်းပိုင်းတွေကို ထိန်းချုပ်ရေးစစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။