Connect with us

Hi, what are you looking for?

သတင်း

အမြန်ရထားနဲ့ လမ်းဖြတ်ကူးတဲ့ ယာဉ်တွေတိုက်လို့ နှစ်ရက်အတွင်း လေးဦးသေဆုံး

နှစ်ရက်အတွင်းမှာ DEMU အမြန်ရထားတွေနဲ့ ရုတ်တရက်လမ်းဖြတ်ကူးတဲ့ ယာဉ်တွေတိုက်မိပြီး သေဆုံးသူလေးဦးရှိတယ်လို့ မြန်မာ့မီးရထားက အသိပေးထားပါတယ်။

စက်တင်ဘာ-၁၄၊၂၀၂၆။ တေဇ/People’s Spring

နှစ်ရက်အတွင်းမှာ DEMU အမြန်ရထားတွေနဲ့ ရုတ်တရက်လမ်းဖြတ်ကူးတဲ့ ယာဉ်တွေတိုက်မိပြီး သေဆုံးသူလေးဦးရှိတယ်လို့ မြန်မာ့မီးရထားက အသိပေးထားပါတယ်။

ဒီနေ့ (စက်တင်ဘာ ၁၄) နေပြည်တော်ကနေ နေ့လည် ၁၂ ခွဲထွက်လာတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထားက ပြွန်တန်ဆာနဲ့ ပဲခူးဘူတာကြားမှာ တရားမဝင်လမ်းကူးကနေ ရုတ်တရက် ဖြတ်လာတဲ့ ထွန်စက်နဲ့ တိုက်မိခဲ့ပါတယ်။

ဒီယာဉ်တိုက်မှုကြောင့် ရထားအရှေ့ပိုင်းပျက်ဆီးခဲ့သလို ထွန်စက်လည်း နှစ်ပိုင်းပြတ်သွားပြီး ထွန်စက်ပေါ်မှာလိုက်ပါလာသူ နှစ်ဦးစလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တရားမဝင်ရထားလမ်းဖြတ်ကျော်လမ်းကူးတွေကို အပြီးပိတ်ပစ်သင့်တယ်၊အလွယ်လိုက်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။” လို့ ပြည်သူတစ်ဦးကအကြံပြုထားပါတယ်။

မနေ့က(စက်တင်ဘာ၁၃)လည်း ရန်ကုန်က မနက် ၇ နာရီထွက်တဲ့ အမှတ် ၅ အဆန် DEMU အမြန်ရထားနဲ့ ရထားလမ်းကို ရုတ်တရက်ဖြတ်တဲ့ ဘေးတွဲဆိုင်ကယ်တို့တိုက်ခဲ့ပါတယ်။

ဒီယာဉ်တိုက်မှုကြောင့် ရထားပျက်စီးခဲ့သလို ဘေးတွဲဆိုင်ကယ်လည်း ကြေမွခဲ့ပြီး ဘေးတွဲဆိုင်ကယ်စီးလာတဲ့ သံဃာတစ်ပါးနဲ့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်။

DEMU ရထားတွေရဲ့ အရှိန်က ပုံမှန်ရထားတွေထက် မြန်ဆန် တာကြောင့် လမ်းကူးမယ့်သူတွေအနေနဲ့ မပေါ့ဆသင့်ပဲ စည်းကမ်းလိုက်နာသင့်တယ်လို့ ပြည်သူတွေအချင်းချင်းအကြံပြုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမြန်ရထားတွေပေါ်မှာ အာဏာသိမ်းစစ်တပ်က ခရီးသည်တွေကို PSMS စနစ်နဲ့ စစ်ဆေးမှု​တွေ စတင်လုပ်ဆောင်နေကြောင်း ခရီးသွားအချို့က ပြောပါတယ်။