Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အမြန်ရထားတွေပေါ်မှာ ခရီးသည်တွေကို PSMS စနစ်နဲ့ စတင်စစ်ဆေးနေ

အမြန်ရထားတွေပေါ်မှာ အာဏာသိမ်းစစ်တပ်က ခရီးသည်တွေကို PSMS စနစ်နဲ့ စစ်ဆေးမှု​တွေ စတင်လုပ်ဆောင်နေကြောင်း ခရီးသွားအချို့က ပြောပါတယ်။

(ပျဥ်းမနား-နေပြည်တော်-မန္တလေး ရထားခရီးစဥ်တစ်ခုတွင် ခရီးသည်များအား လိုက်လံစစ်ဆေးနေသော စစ်ကောင်စီ၏ ဝန်ထမ်းများအား တွေ့ရစဥ်။ ဓါတ်ပုံံ-ဆင်ဟွာ)

ဇူလိုင် ၂၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring

အမြန်ရထားတွေပေါ်မှာ အာဏာသိမ်းစစ်တပ်က ခရီးသည်တွေကို PSMS စနစ်နဲ့ စစ်ဆေးမှု​တွေ စတင်လုပ်ဆောင်နေကြောင်း ခရီးသွားအချို့က ပြောပါတယ်။

ဇူလိုင် ၂၁ ရက်ကစပြီး ရန်ကုန်-မန္တလေး အမြန်ရထားနဲ့ ရန်ကုန်-နေပြည်တော် အ​မြန်ရထား ခရီးစဥ်တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသည်တွေကို မှတ်ပုံတင်ထုတ်ပြခိုင်းပြီးနောက် Tablet နဲ့ Person Scrutinization and Monitoring System (PSMS) စနစ် အသုံးပြုပြီး စစ်ဆေးမှုတွေ ပြုလုပ်လာကြောင်း ခရီးသွားပြည်သူအချို့က ပြောပါတယ်။

“ကိုယ့်ရှေ့က အမျိုးသမီးတစ်ယောက်ကိုစစ်တာ။ စာရင်းထဲပါလို့ ခေါ်သွားတယ်”လို့ ရန်ကုန်-နေပြည်တော် ခရီးစဥ်မှာ ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-နေပြည်တော် ခရီးစဥ်မှာ ယခုမှစတင်စစ်ဆေးလာတာဖြစ်ပြီး ရန်ကုန်-မော်လမြိုင်ခရီးစဥ်ကတော့ ယခင်ကတည်းက PSMS နဲ့ စစ်ဆေးလေ့ရှိကြောင်း ခရီးသွားအချို့က ပြောပါတယ်။

PSMS စနစ်ဟာ စစ်တပ်ရဲ့ စောင့်ကြည့်ရေး ယန္တရားတစ်ခုဖြစ်ပြီး CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဘဏ်အကောင့်ပိတ်ခံထားရတဲ့သူတွေနဲ့ စစ်ကောင်စီဝရမ်းထုတ်ထားတဲ့သူတွေရဲ့စာရင်းကို ပြုစုထားတာဖြစ်ပြီး မှတ်ပုံတင်နံပါတ် ရိုက်လိုက်တာနဲ့ စာရင်းမှာပါနေခဲ့ရင် ဖမ်းဆီးခံရမှာဖြစ်ပါတယ်။ PSMS စနစ်ကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူတွေ အများအပြားရှိခဲ့ပြီး ယခင်က လေဆိပ်နဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေတာဖြစ်ကာ ယခုအခါ မီးရထားနဲ့ခရီးသွားသူတွေကိုပါ စစ်ဆေးလာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။