Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ရဲတပ်ဖွဲ့ရဲ့ ကျည်ဆန် လမ်းကြောင်းပြောင်း ထိမှန်ပြီး မိန်းကလေးငယ်တစ်ဦး သေဆုံး

အမေရိကန် အစိုးရ၊ တရားရေး ဝန်ကြီးဌာနက ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောကြားထားပါတယ်။ မျက်မြင်တွေကတော့ သံသယရှိသူ အမျိုးသားဟာ စတိုးဆိုင်ထဲမှာ ထူးထူးဆန်းဆန်းတွေ ပြုမူနေပြီး အဝတ်အစားတွေ ထည့်သွင်းပြသထားတဲ့ မှန်ခန်းတွေကို ဖျက်ဆီးပစ်နေခဲ့ကြောင်း ပြောပါတယ်။

အမေရိကန် နိုင်ငံမှာ ရဲတပ်ဖွဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆန် မတော်တဆ ထိမှန်ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ခရစ္စမတ် အကြိုနေ့ မနက်ပိုင်းက လော့စ်အန်ဂျလိစ်မြို့မှာ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးသွားကြောင်း သတင်းတွေက ဖော်ပြပါတယ်။ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ကလည်း မှုခင်း သံသယ တရားခံလို့ ယူဆရသူ အမျိုးသား တစ်ဦးနဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးကြောင်း အတည်ပြုထားပါတယ်။

မိန်းကလေးဟာ အမေနဲ့အတူ စတိုးဆိုင် တစ်ခုက အဝတ်လဲခန်းထဲမှာ အဝတ်အစား လဲဝတ်ကြည့်နေတုန်း လမ်းကြောင်းပြောင်း ပျံသန်းလာတဲ့ ကျည်ဆန် ထိမှန် ခံခဲ့ရတာပါ။ ရဲတွေက စတိုးဆိုင်ထဲမှာ လူတစ်ဦးက သေနတ်နဲ့ ပစ်တယ်ဆိုတဲ့ သတင်းတွေကြောင့် လာရောက် စုံစမ်းရင်း သံသယ ရှိသူကိုလည်း အသေဖမ်းမိခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ စွပ်စွဲခံရသူ ကိုင်ဆောင်တယ်ဆိုတဲ့ သေနတ်ကို မတွေ့သေးပါဘူး။

အမေရိကန် အစိုးရ၊ တရားရေး ဝန်ကြီးဌာနက ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောကြားထားပါတယ်။ မျက်မြင်တွေကတော့ သံသယရှိသူ အမျိုးသားဟာ စတိုးဆိုင်ထဲမှာ ထူးထူးဆန်းဆန်းတွေ ပြုမူနေပြီး အဝတ်အစားတွေ ထည့်သွင်းပြသထားတဲ့ မှန်ခန်းတွေကို ဖျက်ဆီးပစ်နေခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အဲဒီ အမျိုးသားဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ သူ့အလောင်းနားမှာ အကြီးစား မော်တော်ဆိုင်ကယ် တစ်စီးကို တွေ့ခဲ့ရပေမယ့် သေနတ်တော့ မရှိကြောင်းလည်း မျက်မြင်တွေက ဆိုပါတယ်။ သေဆုံးသူ အမျိုးသားရဲ့ နာမည်ကိုတော့ ရဲတွေက မထုတ်ပြန်သေးပါဘူး။

လမ်းကြောင်းလွဲလာတဲ့ ကျည်ဆန် ထိမှန် ခံခဲ့ရတဲ့ ကလေးမလေးကတော့ မွေးနေ့အကြိုအတွက် ဝတ်စုံရွေးပြီး ဝယ်ယူနေတုန်း ကံဆိုးသွားခဲ့ရှာတာ ဖြစ်ပါတယ်။ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ အကြီးအကဲ မစ်ချယ်လ်မောရ်က အခုကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အပြည့် စုံစမ်း စစ်ဆေး အစီရင်ခံသွားမယ်လို့ ကတိပြုခဲ့ပြီး မိန်းကလေးရဲ့ မိသားစုအတွက် အထူးတလည် ဝမ်းနည်း ကြေကွဲမိကြောင်း ပြောကြားခဲ့ပါတယ်။

ဇူလိုင်လက အမေရိကန် လွှတ်တော်မှာ မဲခွဲ အတည်ပြုထားတဲ့ ဥပဒေသစ်အရ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးရတဲ့ ဘယ်ဖြစ်စဉ်မဆို ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ တရားရေး ဝန်ကြီးဌာနက တာဝန်ယူ စုံစမ်းသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။