Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမှာအထိနာနေတဲ့ စစ်တပ်က ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးကိုလေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲ

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ-၁၇၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်း ၁၂ နာရီကျော်အချိန်ကနေ ဂျက်ဖိုက်တာ ၃ စီးနဲ့ မြောက်ဦးမြို့အနီး ဝန်းကျင်တွေကို ဗုံးပတ်ကြဲနေတာလို့ သိရပါတယ်။

“အခုထိ ကြဲနေတုန်း၊ တအုန်းအုန်းနဲ့။ အခု ဗုံးတွင်းထဲက ပြောနေတာပါ၊ ဘယ်နားတွေကျမှန်း မသိရသေးဘူး။ အ ပြင်ထွက်လို့လည်း မရသေး” လို့ မြောက်ဦးမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက စက်တင်ဘာ ၁၇ရက်နေ့နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့မနက်ပိုင်း ၇ နာရီကျော်နဲ့ ၉ နာရီကျော်အချိန်တို့မှာလည်း တိုက်ပွဲဖြစ်နေတဲ့ စစ်တွေမြို့ နယ်နဲ့အစပ် ပုဏ္ဏားကျွန်းမြို့နယ်ကွမ်းတောင်အပါအဝင် လူနေကျေးရွာတွေကို ဂျက်ဖိုက်တာ ၄ စီး၊ ထောက်ပိုလေ ယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

ဗုံးကြဲမှုကြောင့် လူနေအိမ်တွေအများအပြား ပျက်စီးခဲ့ပါတယ်။ဒါ​ပေမယ့် အရပ်သားထိခိုက်၊ သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရ သေးပါဘူး။

“ပုဏ္ဏားကျွန်းဘက်ကရွာတွေမှာအိမ် အကောင်းတွေတောင်မကျန်တော့ဘူး။နေ့တိုင်းလိုလို လာကြဲ နေတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်းကျင်၊ စစ်တွေမြို့နယ် ဝါဘို ကျွန်း မြစ်နားရွာဝန်းကျင်၊ စစ်တွေမြို့နယ် အမြင့်ကျွန်း၊ တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ အာရ က္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက်ပွဲတပတ်ကျော်အတွင်း စစ်တပ်ဘက်က သေဆုံးသူ နှစ်ရာကျော်ထိ ရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ အစပ် ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေစဉ်နီးပါး ပစ်ခတ်၊ ဗုံးကြဲနေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာပြီးခဲ့တဲ့စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြငစက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက် ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။