Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်သူတွေပါဝင်ပေးဖို့ ကင်မ် တောင်းဆို

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

စက်တင်ဘာ-၁၈၊၂၀၂၆။တေဇ/People’s Spring

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

“ကျွန်တော်နဲ့အတူ ရပ်တည်ပေးပါ။ မေမေရဲ့နာမည်ကို ပြောပါ။မေမေ့အကြောင်းကို မျှဝေပါ။ မေမေ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုပါ။” လို့ ကင်မ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာပါ။

ကင်မ်က မိခင်ဖြစ်သူအသက်ရှင်ကြောင်း တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပက ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ နောက်တဆင့်အနေနဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေး တောင်းဆိုတဲ့ Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ကျွန်တော့် မေမေ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်ရှိပါပြီ။ မေမေဟာ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ခံထားရပြီး ဓားစာခံအဖြစ် ရှိနေဆဲပါ။ကျွန်တော် မေမေနဲ့ မတွေ့ရသေး၊ စကားပြောခွင့် မရသေးပါဘူး။မေမေရဲ့ ဘဝမှာ လွတ်လပ်ခွင့်ကို နှစ်ပေါင်းများစွာ လုယူခံထားနေရပါတယ်။မေမေ့ အချိန်တွေ အများကြီး ဆုံးရှုံးပြီးပါပြီ။

မေမေ့ကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ။” လို့ ကင်မ်ကတောင်းဆိုထားပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် လူထု‌ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ အကျဉ်းကျခံနေရတာ ၂၀၅၆ ရက် ပြည့်မြောက်ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။