Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ်မှာ ​ဆေး​ကြောင်​နေသူတဦးရဲ့ကား က အခြားကား​တွေကို လိုက်တိုက်ဟု​ ဒေသခံ​တွေ​ပြော

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

Screenshot

စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People’s Spring

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

မူးယစ်​နေတဲ့အမျိုးသား​မောင်းတဲ့ကားဟာ​ဟိန္ဒူဘုရားရှိခိုးကျောင်းနံရံကို​တိုက်မိပြီး ​နောက်ကကား​တွေကိုပါ လိုက်တိုက်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေအထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။

၎င်းကားနဲ့တိုက်မိတဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်းနံရံနဲ့ ကားအချို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်သူတစ်ဦးက ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကားတစ်စီးက ပန်းဆိုးတန်းလမ်းထောင့်က ဟိန္ဒူ ဘုရားရှိခိုးကျောင်း အုတ်နံရံကို အရင်ဝင်တိုက်တာပါ။ ဘာဖြစ်သွားလဲ ဆိုပြီး လူတွေ ထွက်ကြည့်တုန်း ရှိသေးတယ်။ အဲ့ကားကိုပဲ နောက်ပြန်ကြီးမောင်းပြီး လမ်းပေါ်က ကား ၄ စီး လောက်ကို ပတ်တိုက်သွားတာပါ။ လူတွေတော့ ထိခိုက်တာမရှိဘူး။ အထိတ်တလန့်တော့ အကုန်ရှောင်ပြေးရတယ်။ သူ့ကားရော တိုက်မိတဲ့ အခြားကားတွေတော့ ပျက်စီးသွားပါတယ်။ တိုက်တဲ့အချိန်က မီးတွေပြတ်နေတဲ့ ည ၇ နာရီကျော်လောက်ကပါ” လို့ ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတဦးကပြောပါတယ်။

အဆိုပါယာဥ်​မောင်းကို ရပ်ကွက်ကပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးမှသာ ရပ်တန့်သွားကြောင်းနဲ့ ယာဉ်မောင်းလာတဲ့ အမျိုးသားပုံစံမှာ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲထားသကဲ့သို့ဖြစ်​နေကြောင်း ကျောက်တံတားမြို့နယ်နေ ပြည်သူအချို့က ဆိုပါတယ်။

“အသက်ကအရမ်းမကြီးသေးဘူး။၃၀ ကျော်လောက်ပဲ ရှိဦးမယ် ထင်တယ်။ သူ့ကို ကြည့်ရတာ တော်တော်လေး စိတ်လွတ်နေတယ်။ ဆေးကြောင်နေတာ ဖြစ်ဖို့များပါတယ်။ ကားက နောက်ပြန်ကြီးမောင်းပြီး အခြားကားတွေကို လိုက်တိုက်နေတာပါ။အနားကလူတွေ သူ့ကို ဝိုင်းဖမ်းမှ ကားက ရပ်သွားတယ်” လို့ ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ ယင်းအမျိုးသားကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေက ကျောက်တံတားမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ​ဒေသခံပြည်သူတွေက ​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။