စက်တင်ဘာ-၂၇၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်တပ်က ကောလင်းမြို့နယ်ထဲကို ယမန်နေ့ညသန်းခေါင်ယံမှာလေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်တပ်ကို လက်တုန့်ပြန်သွားမယ်လို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။
ကောလင်းမြို့နယ်အရှ့ရှမ်း ကချင်ကုန်းရွာနဲ့ ရှောက်ပင်ဝိုင်းရွာကို စက်တင်လာလ ၂၆ရက် ညသန်းခေါင်အကျော် ၁၂နာရီ ၅နစ်နစ်နဲ့ ၁၂နာရီ ၈မိနစ် (စက်တင်ဘာ ၂၇ မနက်အစော) မှာ ဗုံး ခြောက်လုံးကြဲသွားတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပြည်သူနှစ်ဦးဒဏ်ရာရပြီးနေအိမ်တစ်လုံးလည်းပျက်စီးခဲ့သလို စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူကို ပစ်မှတ်ထားတာလို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးဟာစိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။
ကောလင်းအရှေ့ခြမ်း ကချင်ကုန်း အနီးတဝိုက်ကိုY-12 လေယာဥ်ဖြင့်(၆)ကြိမ်တိုက်ခိုက်ပြီးပြည်သူ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ကောလင်းဒေသသတင်းတွေကိုဖော်ပြနေတဲ့ Kaw Lin Info ကလည်းဖော်ပြထားပါတယ်။

Public Service Announcement
စက်တင်ဘာလ၂၄ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုယ်ကုန်းရွာကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် ဒေသခံသုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
“ကချင်ကုန်းရော၊ရှောက်ပင်ဝိုင်းရော၊ကုက္ကိုယ်ကုန်းရော တော်လှန်ရေးတပ်တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေမရှိဘူး။အရပ်သားတွေ သွားလာပြီဈေးရောင်း ဈေးဝယ်လုပ်နေတာ။ တိုက်ပွဲမဖြစ်တာလည်းတော်တော်ကြာပြီ ဟုတ်တယ်။အခုကတော့ စကစတပ်က တမင်သက်သက် လာကြဲသွားတာ”လို့ ဒေသခံတဦးကပြောပါတယ်။
အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အကြမ်းဖက်လုပ်ရပ်အတွက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ကစစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို ယခုရက်ပိုင်းမကြာခဏဗုံးကြဲနေပါတယ်။ စက်တင်ဘာလ၂၃ရက် မနက်မှာ အင်းတော်မြို့နယ်ထဲကိုဗုံးကြဲခဲ့တာကြောင့်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နဲ့ ကုန်သည်တွေအပါအဝင်ငါးဦးသေဆုံးပြီး အမျိုးသမီးတဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။အရပ်သားပြည်သူကိုဦးတည်တိုက်ခိုက်တဲ့စစ်ရာဇဝတ်မှုဖြစ်ပြီး စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာလ၂၃ရက်နေ့ကလည်း ကသာမြို့နယ်ထဲကိုဗုံးကြဲလို့ သီလရှင်တစ်ဦးကွယ်လွန်ခဲ့ပါတယ်။ဒါ့အပြင် ဟုမ္မလင်းမြို့နယ်ထဲမှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကိုလည်း ဗုံးကြဲခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ကသာ၊ကောလင်း၊ အင်း တော်၊ ပင်လည်ဘူးမြို့နယ်တွေကိုစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလာနိုင်တဲ့အတွက် လုံခြုံရေးသသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။


















































