Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းငယ် ရန်ကုန်နဲ့ကျိုက်ထိုမြို့ကြားမှဖြတ်ကျော်တိုက်ခတ်နိုင်ပြီးမိုးဆက်ကြီးမယ်

ဒေသငါးခုသဘာဝဘေးသတိပြုနေထိုင်ဖို့ NUGကသတိပေး

ဓာတ်ပုံ - Zoom Earth

စက်တင်ဘာ-၂၈၊၂၀၂၆။အိမ်သွင်/People’s Spring

မြန်မာနိုင်ငံကမ်းရိုးတန်းအနီးကမုန်တိုင်းငယ်ဟာဒီနေ့ ညနေပိုင်းမှာရန်ကုန်နဲ့ ကျိုက်ထိုမြို့ကြားကနေ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး မိုးကြီးနိုင်လို့ ဒေသငါးခု သဘာဝဘေးသတိပြုနေထိုင်ဖို့ အမျိုးသားညီညွတ်​ရေးအစိုးရ-NUGကသတိပေးချက်ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ အနီးပတ်ဝန်းကျင်မှာမိုးသက်လေပြင်းကျရောက်နိုင်ပြီး လျှပ်စီးလက်တာ၊မိုးကြိုးပစ်တာ၊လေပြင်းတိုက်ခတ်တာနဲ့အတူရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။

ထိုင်းနိုင်ငံဘက်ကလေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ပိုမိုအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်ရောက်ရှိလာတာပါ။

Public Service Announcement

Public Service Announcement

ဒီနေ့ ညနေပိုင်းကနေ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းအထိ လေတိုက် နှုန်း ၃၅ မိုင်မှ မိုင် ၄ဝ ခန့်အပြင် လေပြင်းတိုက်ခတ်ချိန်မှာတစ်နာရီလျှင် ၄၅ မိုင်အထိရှိနိုင်တယ်လို့ NUG ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

မိုးကြီးတဲ့ဒေသတွေမှာသက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေကိုရေဘေးအန္တရာယ်လွတ်ကင်းတဲ့နေရာတွေဆီ ကြိုတင်ပြောင်းရွှေ့နေရာချထားပေးသင့်တယ်လို့ MoSLHAက တိုက်တွန်းထားပါတယ်။

မုန်တိုင်းငယ်ဟာမြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက်လာမယ့်နှစ်ရက်အတွင်းမြန်မာနိုင်ငံအောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေကိုဖြတ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရွေ့လျားနိုင်တယ်လို့ လည်းခန့်မှန်းထားပါတယ်။

လက်ရှိမှာဒေသများအပြားမိုးကြီးနေပြီး တနင်္သာရီတိုင်းမှာရေဘေးနဲ့ မြေပြိုမှုဘေးဆိုးရွားစွာရင်ဆိုင်နေရပါတယ်။ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာရေဘေးကြုံတွေ့နေပြီး လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ လက်ရှိမှာရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။

ကယ်ဆယ်ရေးအကူအညီတွေ အရေး ပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်​ရေးလုပ်​နေသူ​တွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံဘက်က လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)က ထုတ်ပြန်ထားပါတယ်။

သတင်း

ရန်ကုန်မြို့ တနေရာမှာ တော်လှန်ပြည်သူတွေက အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစနစ်ကို တိုက်ဖျက်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook