Connect with us

Hi, what are you looking for?

သတင်း

ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာလို့ တိုက်ပွဲဖြစ်နေ

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

(ကျင်ဒွေးမြို့ရဲစခန်းကို သိမ်းပိုက်ပြီးတွေ့ရတဲ့ တော်လှန်ရေးအဖွဲ့ဝင်များ။ ဓာတ်ပုံ - ပေးပို့)

စက်တင်ဘာ-၂၉၊၂၀၂၆။ဖိုးသား/People’s Spring

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် ၊ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေ၊ ယောကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေက ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ၂၀၂၄ ဧပြီ ၂၉ ရက်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်တပ်က ပထမဆုံးအကြိမ် တန်ပြန်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

“အခုလ ၂၆ ရက်နေ့ကစပြီး အင်အား ၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေတာ။လောင်းရှည် ဆွဲလွဲကျင်းရွာဘက်ကနေ။ထိတွေ့မှု‌တွေလည်းရှိနေတယ်”လို့ လောင်းရှည်မြို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်က စက်တင်ဘာ ၂၆ ရက်ကစပြီး စက်တင်ဘာ ၂၈ ရက်အထိ ၃ရက်ဆက်

လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သူက အသိပေးပါတယ်။

“ဆွဲလွဲကျင်းနဲ့ မဆာတွီရွာ(ကျင်ဒွေး-လောင်းရှည် လမ်းပိုင်း)ကြားမှာ စစ်ကြောင်းရောက်နေတယ်ကြားတယ်။မနေ့ကလည်း ထိတွေ့မှုရှိတယ်။‌လောင်းရှည်ဆေးရုံမှာတော့ အတိုအပြတ်တွေရောက်နေတယ်လည်း ကြားတယ်”လို့ စစ်တပ်စစ်ကြောင်းကို ခုခံနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းက မဆာတွီကျေးရွာမှာ အထိုင်ချတပ်စွဲဖို့ ကနဦးကြိုးပမ်းနေတာဖြစ်ပြီး အဲဒီကျေးရွာကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ သူက ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် မဆာတွီကျေးရွာအပါအ၀င် ကျင်ဒွေး-လောင်းရှည်လမ်းပိုင်းပေါ်က ကျေးရွာ‌ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လတ်တလောစစ်ကြောင်းထိုးလာမှု စစ်ရေးအခြေ အနေတွေနဲ့ပတ်သက်လို့ ချင်းကာကွယ်ရေးတပ်-ကန်ပက်လက်မြို့နယ်တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်း ပြည်နယ်တောင်ဘက် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိန်းချုပ်ချင်‌နေတဲ့ စစ်တပ်က ပြိးခဲ့တဲ့ မေလကစပြီး စက်တင်ဘာ၂၈ရက်အထိ ဆောမြို့နယ်ကို ၅လအတွင်း အင်အား ၄၅၀၀ ၀န်းကျင် ပို့ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ (၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ (၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။

ချင်းတောင်ပိုင်း ထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူတွေများတာကြောင့် ထိုးစစ်အရှိန်‌လျော့ခဲ့ပေမယ့် နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။

လက်ရှိ စစ်တပ်ထိုးစစ်ဆင်နေတဲ့ ကျင်ဒွေးမြို့ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပလက်၀ မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေနဲ့လည်း ထိစပ်နေပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ချင်းပြည်-ပလက်ဝ-ရခိုင်အစပ်အပါအ၀င် ပွင့်လင်းကာလမှာ ထိုးစစ်ကြီးလုပ်လာနိုင်လို့ စစ်မျက်နှာ ၇ခုမှာ တိုက်ပွဲတွေပိုပြင်းထန်နိုင်တယ်လို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook