Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့အနီး တိုက်ပွဲဆက်ပြင်းထန်

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

(၂၀၂၄က မိုးကုတ်မြို့အနီးမှာ တွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- မိုးကုတ်ဗျူဟာ)

စက်တင်ဘာ ၂၉၊၂၀၂၆။အိမ်သွင်/People’s Spring

မိုးမိတ်မြို့အနီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီကနေ့ စက်တင်ဘာ ၂၉ရက် မနက်ပိုင်းမှာလည်း စစ်တပ်က Y12၊ဂျက်ဖိုက်တာ‌ တွေနဲ့ဗုံးကြဲနေလို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ၂၈ရက်မနက်ပိုင်းကစပြီးစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

“တစ်ညလုံး တဝုန်းဝုန်းတဒိုင်းဒိုင်း ချနေတာပါ။ ဒီနေ့မနက်ပိုင်းမှာ Y12ရော ဂျက်ဖိုက်တာရော လာကြဲနေတယ်။ ဒေသခံတွေကတော့ ရှောင်ကြရပြီဗျ”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၈ရက်က တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း ရဟတ်ယာဉ်အပြင် ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ရဲ့စခန်းတစ်ခုကို KIA ပူးပေါင်းတပ်က သိမ်းယူလိုက်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါကြောင့် စစ်တပ်က လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေသလို မိုးမိတ်- မိုးကုတ်လမ်းကိုလည်း စက်တင်ဘာ၂၈ရက်ညနေကစပြီး သွားလာခွင့် ပိတ်ဆို့လိုက်တယ်လို့ သိရပါတယ်။

” လမ်းကို စစ်တပ်က ပိတ်လိုက်တာ။ ဘာအကြောင်းနဲ့မှ ဖြတ်ခွင့်မပေးတော့ဘူးတဲ့။ မိုးကုတ်ကို ကျန်းမာရေးကိစ္စ သွားဖို့ ပြင်ထားတာ ခရီးစဉ်ဖျက်လိုက်ရပြီ”လို့ မိုးမိတ်ဒေသခံတစ်ဦးကပြောပါတယ်။

မိုးမိတ်မြို့နဲ့ ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်မှာဖွဲ့စည်းခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။ မတ်လဆန်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။ပြီးခဲ့တဲ့သြဂုတ်ကလည်း ညောင်နီကျေးရွာအနီးမှာ စစ်တပ်နဲ့ SSPP/SSA တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook