Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျ၊ ၆ ဦးသေဆုံး

ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး နိုင်ငံအရှေ့ဖျား ဒေသမှာ ပျက်ကျခဲ့တာကြောင့် အမှုထမ်း ၆ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး နိုင်ငံအရှေ့ဖျား ဒေသမှာ ပျက်ကျခဲ့တာကြောင့် အမှုထမ်း ၆ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး နိုင်ငံအရှေ့ဖျား ဒေသမှာ ပျက်ကျခဲ့တာကြောင့် အမှုထမ်း ၆ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့တုန်းက အမူးရ်ဒေသမှာရှိတဲ့ ယူကရာနီကာ လေတပ်စခန်းကနေ ပျံတက်ပြီး မကြာခင်မှာပဲ Tu-95 ဗုံးကြဲလေယာဉ်ကြီး ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ၆ ဦးသေပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လေယာဉ်ဟာ လေ့ကျင့်ပျံသန်းမှုတစ်ခု ပြုလုပ်နေရင်း လူမနေတဲ့ ဧရိယာ တစ်ခုဆီ ပျက်ကျခဲ့တာ ဖြစ်ကြောင်း၊ လေယာဉ်ပေါ်မှာ စစ်လက်နက်တွေ တပ်ဆင်မထားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ အမှုထမ်း ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁ ဦးကိုလည်း ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခရက်စ်နိုယာနိုဗို ကျေးရွာနားမှာ လေယာဉ်ပျက်ကျသွားရတဲ့ အကြောင်းရင်းကိုတော့ မထုတ်ပြန်သေးပါဘူး။ ရုရှား ဝေဟင်နဲ့ အာကာသတပ်ဖွဲ့ဟာ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ တရားဝင် အတည်မပြုသေးပေမယ့် လေယာဉ်ဟာ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုခုကြောင့် ပျက်ကျခဲ့တာလို့ ယုံကြည်ရပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယို တချို့မှာတော့ လေယာဉ်ပျက်ကျတယ်ဆိုတဲ့ နေရာကနေ မီးလျံတွေနဲ့ မီးခိုးတွေ ထွက်နေတာကို တွေ့ခဲ့ရပါတယ်။

Tupolev ကုမ္ပဏီက ထုတ်လုပ်တဲ့ Tu-95တွေကို ဆိုဗီယက် ပြည်ထောင်စုလက်ထက် ၁၉၅၂ ခုနှစ်ကတည်းက စတင် အသုံးပြုနေခဲ့တာပါ။ Tu-95တွေဟာ ပန်ကာအားနဲ့ ပျံသန်းပြီး နျူကလီးယားလက်နက်တွေ တပ်ဆင်နိုင်တဲ့ တစ်ခုတည်းသော လက်ကျန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ဖြစ်ပါတယ်။ Tu-95တွေဟာ အရွယ်အစား ကြီးမားပြီး တာဝေးပျံသန်း တိုက်ခိုက်နိုင်တဲ့ စစ်ဆင်ရေး စွမ်းရည်ကို ပိုင်ဆိုင်ပါတယ်။

ယူကရာနီယာဟာ ရုရှားရဲ့ တာဝေးစစ်ဆင်ရေးတွေကို ကိုင်တွယ်နိုင်တဲ့ အကြီးစား လေတပ်စခန်းတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတုန်းက ယူကရိန်း ထောက်လှမ်းရေး ဌာနက Spiderweb စစ်ဆင်ရေးအောက်မှာ ရုရှား လေတပ်စခန်းတွေကို ဖြန့်ကျက်တိုက်ခိုက်ခဲ့တုန်းက ယူကရာနီယာကလည်း ပစ်မှတ်တစ်ခု အနေနဲ့ ပါဝင်ခဲ့ပါတယ်။

လော်ရီထရပ်ကားကြီးတွေထဲမှာ ထည့်ဝှက်ပြီး သယ်လာတဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို အသုံးပြုပြီး ရုရှားလေတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးဟာ အထူးအောင်မြင်ခဲ့ပြီး Tu-95 ၇ စီး၊ ဒါမှမဟုတ် ၈ စီးလောက် အပါအဝင် ရုရှားစစ်လေယာဉ် ၄၀ ကျော်ကို ယူကရိန်းက ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရုရှားဟာ လက်ကျန် Tu-95 အများစုကို ယူကရိန်းနယ်စပ်နဲ့ ပိုဝေးတဲ့ နိုင်ငံအရှေ့ဖျားကို ရွှေ့ပြောင်း ဖြန့်ကျက်ခဲ့ပါတယ်။ ရုရှားမှာ Tu-95 အစီး ၄၀ ဝန်းကျင်လောက် ပိုင်ဆိုင်ထားဆဲလို့ ယူဆရပေမယ့် အဲဒီထဲက ထက်ဝက်လောက်သာ လက်တွေ့ ပျံသန်းနိုင်တဲ့ အခြေအနေ ရှိမယ်လို့လည်း ယုံကြည်ရပါတယ်။

ကိုးကား: Euronews

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင့်ကူအိမ် စစ်ဆင်ရေး (Operation Spiderweb)အတွင်းမှာ ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ် စုစုပေါင်း သုံးပုံတစ်ပုံလောက်ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

Facebook