Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းကနေ ထွက်ခွာ၊ နောက်ထပ်နှစ်စီးကို ဆက်ပြီး ဖြန့်ကျက်ထား

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ် (CSG) တစ်ခုဟာ အရှေ့အလယ်ပိုင်း ရေပြင်ကနေ ထွက်ခွာသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - US Navy

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ် (CSG) တစ်ခုဟာ အရှေ့အလယ်ပိုင်း ရေပြင်ကနေ ထွက်ခွာသွားကြောင်း သိရပါတယ်။

USS George Washington ဦးဆောင်တဲ့ CSGဟာ ပါရှန်းပင်လယ်ကွေ့မှာ ၃ လတာ ဖြန့်ကျက်ထားတဲ့နောက် ကမ္ဘာ့အရှေ့ပိုင်း ရေပြင်ဆီ ခုတ်မောင်းထွက်ခွာသွားကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့မှာ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အမေရိကန်ရဲ့ ပစိဖိတ်ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ကေတီကိုနစ်ဂ်ကလည်း George Washingtonဟာ အခုအခါ အမေရိကန် အမှတ် ၇ ရေတပ်မကြီး တာဝန်ယူ လှုပ်ရှားရာ ရေပြင်ဧရိယာထဲ ရောက်ရှိနေပြီး ပုံမှန် လုပ်ငန်းစဉ်တွေကို ပြန်လည် ကိုင်တွယ် လှုပ်ရှားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

George Washingtonဟာ ပုံမှန်ဆိုရင် ဂျပန်မှာ အခြေစိုက်တဲ့ လေယာဉ်တင်သင်္ဘော ဖြစ်ပါတယ်။ အခုအခါ အဲဒီသင်္ဘောကြီး ဦးဆောင်တဲ့ CSGဟာ ဂျပန်ကို ပြန်သွားမှာလား၊ လမ်းခုလတ်မှာ တစ်နေရာရာကိုဝင်ပြီး ကမ်းကပ်ရပ်နားဖို့ ရှိသလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

မူလက ပါရှန်းပင်လယ်ကွေ့ တဝိုက်မှာ George Washingtonနဲ့ USS George H.W. Bush လေယာဉ်တင် သင်္ဘောတွေ ဦးဆောင်တဲ့ CSG နှစ်ခုကို ဖြန့်ကျက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ USS Theodore Roosevelt ဦးဆောင်တဲ့ တတိယမြောက် CSGပါ ထပ်မံ ရောက်ရှိလာခဲ့ပြီး အခုတော့ တပ်အပြောင်းအလဲ လုပ်တဲ့သဘောမျိုးအဖြစ် George Washingtonက ပြန်လည် ထွက်ခွာလာခဲ့တာပါ။

တစ်နေရာတည်းမှာ CSG သုံးခုကို တစ်ပြိုင်တည်း ဖြန့်ကျက်ထားတယ် ဆိုတာဟာ အမေရိကန်ရဲ့ ရေတပ်အင်အား ကြီးမားမှုကို ပြသတဲ့ ရှားရှားပါးပါး အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။ ဒီအခြေအနေမျိုးကို အီရန်စစ်ပွဲ အရှိန်အဟုန် မြင့်နေတဲ့ ဧပြီလမှာ၊ ၂၀၀၃ ခုနှစ် ဒုတိယ ပင်လယ်ကွေ့ စစ်ပွဲမှာ တွေ့မြင်ခဲ့ရဖူးပါတယ်။

George Washingtonဟာ ဩဂုတ်လတုန်းက အရှေ့အလယ်ပိုင်း ဒေသဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ပင်လယ်ပြင်မှာ ၁၀ လကြာ စစ်ဆင်ရေး တာဝန်ယူထားရတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောပေါ်က အမှုထမ်းတွေ စိတ်ဖိစီးမှုနဲ့ တခြား အခက်အခဲတွေ ကြုံနေရတာကြောင့် အရှေ့အလယ်ပိုင်းဒေသ ပင်လယ်ပြင်ကနေ ထွက်ခွာစေပြီး George Washingtonကို ရေတပ်က အစားထိုး ဖြန့်ကျက်ခဲ့တာ ဖြစ်ပါတယ်။

George H.W. Bushကတော့ အရှေ့အလယ်ပိုင်း ဒေသကို ဧပြီလကတည်းက ရောက်ရှိနေတာလို့ သိရပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ