Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် ၊ ရှီကျင့်ဖျင်နဲ့ ပူတင်တို့အကြိုတွေ့ဆုံ

တရုတ်နိုင်ငံမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ် သမ္မတတွေ စုဝေး တွေ့ဆုံခဲ့ကြပါတယ်။

နိုဝင်ဘာ – ၁၈၊၂၀၂၆

တရုတ်နိုင်ငံမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ် သမ္မတတွေ စုဝေး တွေ့ဆုံခဲ့ကြပါတယ်။

တရုတ်ကလက်ခံကျင်းပတဲ့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံမှာ အိမ်ရှင်သမ္မတ ရှီကျင့်ဖျင်က အခမ်းအနား တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေကို ဂုဏ်ပြုဖို့ စီစဉ်ပေးထားတဲ့ ညစာစားပွဲအခမ်းအနားမတိုင်ခင်မှာအမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ရှန်ကျန်းအပြည်ပြည်ဆိုင်ရာအိတ်ချိန်းစင်တာမှာကျင်းပတဲ့အခမ်းအနားမှာ ထရမ့်နဲ့ ပူတင်တို့ လက်ဆွဲ နှုတ်ဆက်နေကြတာကိုလည်း တွေ့ရပါတယ်။ အစောပိုင်းတုန်းက တရုတ်နိုင်ငံကို ထရမ့်ရဲ့လေယာဉ် ရောက်ရှိလာချိန်မှာ ရှီက လေဆိပ်ထိ ဆင်းကြိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ ရှီ၊ ပူတင်နဲ့ ထရမ့်တို့ဟာ တခြား အေပက် ခေါင်းဆောင်တွေ၊ သူတို့ရဲ့အိမ်ထောင်ဖက်တွေနဲ့အတူ အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။အဲဒီစူပါပါဝါနိုင်ငံသုံးခုရဲ့ခေါင်းဆောင်တွေဟာ မနက်ဖြန် (နိုဝင်ဘာ ၁၉ ရက်)မှာပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့လည်းစီစဉ်ထားကြပါတယ်။

ဆက်စပ်သတင်းများ