Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့စစ်တပ်ဗုံးကြဲမှု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြင်းထန်စွာရှုတ်ချ

အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(OHCHR) မဟာမင်းကြီး ဖော်လ်ကာတာ့ခ်က ပြောပါတယ်။

(ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)

စက်တင်ဘာ -၃၀ ၊၂၀၂၆။မိုမို/People’s Spring

အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(OHCHR) မဟာမင်းကြီး ဖော်လ်ကာတာ့ခ်က ပြောပါတယ်။

ကျောက်တော်မြို့ဈေးတစ်ခု ဗုံးကြဲခံရမှုမှာ ကလေးသူငယ်‌တွေ၊အမျိုးသမီးတွေနဲ့ ဈေးရောင်းသူ၊ ဝယ်ယူသူတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သားတွေ အနည်းဆုံး ၅၀ ၀န်းကျင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ၂၈ရက်နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူ၊ ဒိုင်းနက်စတဲ့လူနည်းစု အသိုင်းအဝိုင်းပေါင်းစုံက ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ရှိတဲ့ ဈေးအတွင်းမှာ အရပ်သားပြည်သူ အများအပြား သွားလာလှုပ်ရှားနေကြတဲ့ စည်ကားချိန်မှာဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားပါတယ်” လို့ တာ့ခ်က ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်ညပိုင်းအထိ မြေပြင်အချက် အလက်တွေအရ ကျောက်တော်မြို့ပေါ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာစိုးရိမ်ရသူ ၂၁ ဦး ရှိပါတယ်။

သေဆုံးသူတွေထဲမှာ ဇနီးမောင်နှံ၊မိသားစုလိုက် သေဆုံးသူတွေရှိသလို ကိုယ်ဝန်ဆောင်မိခင်၊ လသားအရွယ်ကလေးငယ်တွေနဲ့ ကျောက်တော်ဒေသခံရိုဟင်ဂျာတွေလည်း ပါဝင်နေပါတယ်။

“အလောင်းပိုင်ရှင်တွေတောင်မပေါ်၊ တချို့ကျတော့လည်း အလောင်းပိုင်ရှင်က ရောက်လာတယ်။ ဘယ်သူကဘယ်သူမှန်းမသိ၊ အလောင်းကိုလည်း ခွဲလို့ မကွဲလိုက်တော့ဘူး။ အဲလို ပြဿနာတွေလည်းရှုပ်ထွေးသွားတယ်”လို့ ရခိုင်ဒေသခံစာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတွင်းက မြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လာပြီးနောက်ပိုင်း လေကြောင်းဗုံးကြဲကာအရပ်သားတွေကို အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေခဲ့ပြီး အဲဒီဗုံးကြဲ၊ သတ်ဖြတ်မှုတွေအနက် အခုကျောက်တော်ဗုံးကြဲမှုဟာ အရပ်သားသေဆုံမှုအများဆုံးဖြစ်စဉ် ဖြစ်ပါတယ်။

“ဒါကအသေအပျောက်အများဆုံးပါ။ဒါတွေကမင်းအောင်လှိုင်ရဲ့ယုတ်မာမှုတွေကို ဖော်ပြတဲ့သမိုင်းတွေပဲ။တချိန် မှာတော့ဒီကောင်တွေ ပြန်ခံရမှာပါ။ဒီကောင်တွေကိုအရေးယူနိုင်အောင် ကြိုးစားဖို့လိုပါတယ်”လို့ ရခိုင်ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်နေတဲ့ သတင်းတွေဆက်လက်ထွက်ပေါ်နေတာတွေကိုလည်း ကု လသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြပါတယ်။

ကျောက်တော်မြို့နယ်အတွင်း တိုက်ခိုက်မှုဟာမလေးရှားနိုင်ငံကမြန်မာနိုင်ငံသား ၅,၀၀၀ခန့်ကို ပြည် နှင်ဒဏ်ပေးမယ့် အစီအစဉ်စတင်အကောင်အထည်ဖော်ဖို့ နာရီပိုင်းမျှအလိုမှာဖြစ်ပွားခဲ့တာလို့ သူက ဆိုပါတယ်။

မြန်မာ့အခြေအနေတွေ ပြင်းထန်ဆိုးရွားနေတာကြောင့် တစ်ဦးတစ်ယောက်ကိုမှ မြန်မာနိုင်ငံကို ပြည်နှင်ဒဏ်မပေးဖို့နဲ့ မလေးရှားအာဏာပိုင်တွေအနေနဲ့ ပြည်နှင်ဒဏ်ပေးမှု လုပ်ငန်းစဉ်ကိုချက်ချင်းရပ်ဆိုင်းဖို့လည်း သူက တောင်းဆိုပါတယ်။

“ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အနိုင်ကျင့်မှုတွေနဲ့ ပြည့်နှက်နေပြီး ပြန်လည်ရောက်ရှိချိန်မှာ အရှက်မရှိ အကြမ်းဖက်မှုတွေကို ထပ်မံကြုံတွေ့ရဖို့ အမှန်တကယ် စိုးရိမ်နေရတဲ့ နိုင်ငံဆီ ဘာတစ်ခုမှ အတင်းအဓမ္မ ပြန်မပို့သင့်တဲ့ အချိန်ဖြစ်ပါတယ်”လို့ တာ့ခ်က ပြောပါတယ်။

အသက်အန္တရာယ်ကို စိုးရိမ်ပြီး မြန်မာနိုင်ငံကထွက်ပြေးတိမ်းရှောင်လာကြတဲ့ထောင်ပေါင်းများစွာသော ပြည်သူတွေကို ကာကွယ်စောင့်ရှောက်မှုပေးရမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့အညီ ပြည်ပမှာခိုလှုံခွင့်နဲ့ အကာအကွယ်တောင်းခံခွင့်ဆိုင်ရာ သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကိုစနစ်တကျထည့်သွင်းစဉ်းစားပေးရမယ်လို့သူက တိုက်တွန်းပါတယ်။

ဒါ့အပြင် အတင်းအဓမ္မ ပြန်မပို့ရေးမူ (principle of non-refoulement) အရ ညှဉ်းပန်းနှိပ်စက်မှု၊ ကြီးလေးတဲ့ အန္တရာယ် ဒါမှမဟုတ် အခြား ကြီးလေးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ နိုင်ငံက ပြည်သူတွေပြန်လည်ပေးပို့ခြင်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေက တားမြစ်ထားတယ်လို့ မနေ့က UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယ​နေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook