Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းတခုလုံးပြုတ်သွားပြီး​နောက်စစ်တပ်က ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲ

စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယ​နေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

(အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-AA Info Desk )

စက်တင်ဘာ-၃၀၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယ​နေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ဝါဘိုကျွန်းနဲ့ ကွမ်းတောင်ရွာအနီးဝန်းကျင်တို့မှာစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ စစ်တပ်စစ်ကြောင်းတခုလုံး သေဆုံးသွားခဲ့တာလို့ စုံစမ်းသိရပါတယ်။

“ညနေက ကွမ်းတောင်ဘက်မှာ စစ်ကြောင်းတကြောင်း ရလိုက်တယ်။ သုံးဆယ်လောက်ရှိမယ်။အလောင်းတွေရော၊အရှင်ရတာရောပါတယ်။အရှင်ရတာကတော့နည်းတယ်။တယောက်၊ နှစ်ယောက်ပဲ”လို့ AA နဲ့ နီးစပ်တဲ့ မြေ ပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ လေယာဉ်အုပ်လိုက်နဲ့ စက်တင်ဘာ၃၀ ည၉ နာရီလောက် ကနေ လေယာဉ်အုပ်လိုက်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗုံးပတ်ကြဲနေပြီး ည ၁၁ လောက်ထိလေယာဉ်တွေပျံသန်းနေသေးတယ်လို့ဒေသခံတွေကပြောပါတယ်။

“လေယာဉ် နှစ်စီးလောက်လာတယ်ကြဲတယ်။ ပြန်သွားတယ်။ နောက်တက်လာတယ် အဲလိုမျိုးလုပ်နေတာ။ဘယ်နားတွေကို ကျလဲတော့ အတိအကျမသိရသေးဘူး။ ပုဏ္ဏားကျွန်း ကျောက်ဆိပ်(ရွာ)ဘက်မှာ ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ သိရတယ်။ အတိအကျ မသိသေးဘူး” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေသလို စစ်တွေမြို့ပေါ် တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ လည်းလှမ်းပစ်နေတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ​တိုက်ပွဲမရှိတာ နှစ်ရက်လောက်ကြာနေခဲ့ပြီး စက်တင်ဘာ ၃၀ နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြန်စဖြစ် ခဲ့တာဖြစ်ကာ ပစ်ခတ်သံတွေကြားနေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “တညနေလုံး အသံကြားရပါ တယ်။ ဝါဘိုဘက်က ကြားရတာ။ခုနှစ်နာရီ၊ရှစ်နာရီလောက်ထိ ကြားလိုက်ရသေးတယ်” လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တဲ့ စစ်တပ်ဟာ တိုက်ပွဲသုံးပတ် ကျော်အတွင်း စခန်းသိမ်းရတာမရှိဘဲ စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ်က စစ်တပ်စခန်းနဲ့ ခြေကုတ်နေရာ ၉ ခု ထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ်။

ဒါ့အပြင် စစ်တပ်က ထိုးစစ်ဆင်နေခဲ့တဲ့ ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း တပ်စခန်းအချို့ လက်လွှတ်ထားရကာ အထိနာနေပါတယ်။

အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင်ပြည်သူ ၅၀ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေစက်တင်ဘာ၃၀ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သားပြည်သူ ၆၀ ဦးထက်မနည်းနဲ့ ထိခိုက်ဏ်ရာရသူ ၉၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မပျက်ယွင်းတဲ့မေတ္တာတွေနဲ့ လေးသိန်း၊ လေးသန်း၊ လေးကမ္ဘာတိုင်အောင် အတူတကွ လက်တွဲသွားကြဖို့ မနေ့က မှ အိမ်ထောင်သက် (၁၁) နှစ်ပြည့် ဆုတောင်းခဲ့ကြတဲ့ ဇနီးမောင်နှံ...။

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook