Connect with us

Hi, what are you looking for?

သတင်း

ကျောက်​တော်ဗုံးကြဲမှု ဥရောပသမဂ္ဂရှုတ်ချ

မြန်မာလေတပ်က​ကျောက်​တော်မြို့ကို စက်တင်ဘာ ၂၈ရက်​နေ့က ကျူးလွန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား ထိခိုက် သေဆုံးခဲ့တာကို ဥရောပ သမဂ္ဂ (EU)က ရှုတ်ချလိုက်ပါတယ်။

(စစ်တပ်က ​ကျောက်​တော်မြို့ကို ဗုံးကြဲပြီး​နောက်မြင်ကွင်း ။ ဓါတ်ပုံ-AA Info Desk)

​အောက်တိုဘာ-၁၊၂၀၂၆။People’s Spring

မြန်မာလေတပ်က​ကျောက်​တော်မြို့ကို စက်တင်ဘာ ၂၈ရက်​နေ့က ကျူးလွန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား ထိခိုက် သေဆုံးခဲ့တာကို ဥရောပ သမဂ္ဂ (EU)က ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာလူသားချင်း စာနာမှု ဥပဒေတွေဟာ လူသားအားလုံးနဲ့ သက်ဆိုင်ပြီး တိတိကျကျ လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ထိခိုက်သေဆုံးသူတွေနဲ့ နစ်နာသူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း၊ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ဆက်လက် ရပ်တည်မယ်လို့ အသိပေးလိုကြောင်း EU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့အဆိုပါ​ဗုံးကြဲမှု​ကြောင့် ပြည်သူအနည်းဆုံး ၅၀ ဦး​သေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ လူ့အခွင့်အရေဆိုင်ရာ(OHCHR)မဟာမင်းကြီး ဗိုကာတာ့ခ်ကလည်း စစ်တပ်ရဲ့​ကျောက်​တော်ဗုံးကြဲမှုအ​ပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ပြောပါတယ်။ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာအခြေအနေကိုပေါ်လွင်စေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားတယ်လို့ တာ့ခ်က ပြောပါတယ်။

ဗြိတိန်ကလည်းစစ်တပ်ရဲ့ ​ကျောက်​တော်လေကြောင်းတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန်ကန့်ကွက်ပြီး​လေ​ကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်တယ်လို့ ဗြိိတိန်သံရုံးကထုတ်ပြန်ပါတယ်။ အစုလိုက်၊အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Wintertonက ပြောပါတယ်။ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ဗြိတိန်အစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ထပ်လောင်းအသိပေးပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ရခိုင်ပြည်နယ်ထဲကကျောက်တော်ကိုအာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတယ်။ပြည်သူ ၅၀ ကျော်သေတယ်။ ရှာမရသေးတာ။ အစအနပျောက်သွားတာတွေ ရှိသေးတယ်။ပြည်သူ ၆၀ ကျော်ထိခိုက်ဒဏ်ရာရတယ်။

သတင်း

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ