Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေး ထပ်တက်

ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ‌ဈေးတွေ ထပ်မံတက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီဈေးကွက်ထံက စုံစမ်းသိရပါတယ်။

အောက်တိုဘာ-၂၊၂၀၂၆။ဇော်ဝင်း၊ရောင်နီ/People’s Spring

ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ‌ဈေးတွေ ထပ်မံတက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီဈေးကွက်ထံက စုံစမ်းသိရပါတယ်။

အပတ်စဉ် သောကြာနေ့တိုင်း အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားတဲ့စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီကနေ့ သတ်မှတ်ဈေးအရ တစ်လီတာကို အနည်းဆုံး ၂၅ ကျပ်ကနေ ၁၃၀ ကျပ်အထိ ဈေးတက်လာပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ကတည်းက စက်သုံးဆီ အမျိုးအစားအလိုက် ရည်ညွှန်းဈေးက တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ကမ္ဘာ့ရေနံစိမ်း ဈေးတက်တယ်။တရုတ်က စက်သုံးဆီ တင်ပို့တာရပ်လိုက်သလို အ‌မေရိကန်ရဲ့ အရှေ့အလယ်ပိုင်း စစ်ရေးအင်အားတိုးလိုက်တာကြောင့်ပါတယ်။မြန်မာအပါအ၀င် အာရှစက်သုံးဆီဈေးကွက်ရည်ညွှန်ဈေးလို့ပြောရမယ့် စင်ကာပူက သန့်စင်ထုတ်လုပ်ပြီး စက်သုံးဆီဈေးတွေလည်း ဆက်တိုက်တက်နေတယ်”လို့ ရေနံစည်ဈေးကွက်ကို လေ့လာသူတစ်ဦးက ပြောပါတယ်။

ဒီ‌နေ့(အောက်တိုဘာ ၂ ရက်)) ထုတ်ပြန်တဲ့ စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ ဓာတ်‌ဆီ ၉၂ တစ်လီတာ ၄၅၄၀ ကျပ် ၊ ဓာတ်‌ဆီ ၉၅ တစ်လီတာ ၄၇၃၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၈၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၇၉၅ ကျပ် သတ်မှတ်ထားပါတယ်။

အဲဒီဈေးနှုန်းတွေအရ ရန်ကုန်မြို့ လက်လီဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်‌ဆီ ၉၂ တစ်လီတာ ၉၀ ကျပ် ၊ ဓာတ်‌ဆီ ၉၅ တစ်လီတာ ၁၃၀ ကျပ် နဲ့ ဒီဇယ်တစ်လီတာ ၂၅ ကျပ် မြင့်တက်ခဲ့တာပါ။

“ဈေးကတက်ရင် လေယာဉ်လိုပဲ။ ကျရင်တော့ လိပ်အတိုင်းပဲ လုပ်စားကိုင်စားရတာ တော်တော်ကို မလွယ်တာ” လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂၀၀၀ကျော် ကနေ ၅၀၀၀ အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။

အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။

ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာမသိမ်းခင်က ဓာတ်ဆီနဲ့ ဒီဇယ်ဈေးဟာ တစ်လီတာကို ကျပ် ၆၀၀ ကျော် ၊ ကျပ် ၇၀၀ ဝန်းကျင်သာရှိခဲ့တာပါ။

သတင်း

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကလည်း စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ကုန်စည်သယ်ဆောင်ဈေးနှုန်းများကို မြှင့်တင်ကြောင်း ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ထားသည်။

သတင်း

အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီဈေးဆိုရင်လည်း အများပြည်သူအများစု စားသုံးနေရတဲ့ စားအုန်းဆီဟာ ၁ ပိသာကို ကျပ် ၁ သောင်းဝန်းကျင်ဖြစ်လာပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဓာတ်ဆီတစ်လီတာလျှင်ကျပ် ၃၅၀၀မှ ၄၀၀၀ ကျပ်အထိရှိသည်။ ရခိုင်ပြည်နယ်ရှိမြို့အချို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၀၀မှ ၃၈၀၀ အထိရှိပြီး ဝယ်ယူ၍ ခက်ခဲကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Facebook