Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီး ၁၈ လကျော်အကြာ

အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီဈေးဆိုရင်လည်း အများပြည်သူအများစု စားသုံးနေရတဲ့ စားအုန်းဆီဟာ ၁ ပိသာကို ကျပ် ၁ သောင်းဝန်းကျင်ဖြစ်လာပါတယ်။

အာဏာသိမ်းပြီး ၁၈ လကျော်အကြာ
အာဏာသိမ်းပြီး ၁၈ လကျော်အကြာ

စစ်တပ်အာဏာသိမ်းပြီး ၁၈ လတာရှိလာချိန်မှာတော့ ပြည်တွင်းမှာ ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ နေ့စဉ်နဲ့အမျှ ခုန်တက်နေပါတယ်။

ကျပ်ငွေတန်ဖိုး အဆမတန်ထိုးဆင်းသွားပြီး တဖက်မှာ ဒေါ်လာဈေးနဲ့ ရွှေဈေးက စံချိန်သစ်တွေခဏခဏချိုး မြင့်တက်နေဆဲပါ။

အရပ်သားအစိုးရ ကိုဖြုတ်ချ၊ ထောင်သွင်းအကျဉ်းချပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ကျပ်ငွေတန်ဖိုးကျဆင်းတာကို ဆွဲတင်နိုင်စွမ်းမတွေ့ရဘဲ ဒေါ်လာနဲ့ရွှေဈေး ဆွဲတင်သူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေပါတယ်။

စက်သုံးဆီဈေးဘက်မှာဆိုရင်လည်း ရုရှားဆီကနေ စက်သုံးဆီတွေ လာမယ့်စက်တင်ဘာလအတွင်းရောက်မယ့်လို့ စစ်ကောင်စီကကြုံးဝါးနေပေမယ့် မြေပြင်မှာစက်သုံးဆီဈေးဟာ မကြုံစဖူး ၁လီတာကို ကျပ် ၃၀၀၀ ကျော်အထိဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီဈေးဆိုရင်လည်း အများပြည်သူအများစု စားသုံးနေရတဲ့ စားအုန်းဆီဟာ ၁ ပိသာကို ကျပ် ၁ သောင်းဝန်းကျင်ဖြစ်လာပါတယ်။

နေ့တဓူဝ သုံးစွဲနေရတဲ့ စားသုံးဆီဈေးအဆမတန် မြင့်တက်လာတဲ့အတွက် ရပ်ကွက်တွေမှာ လူ ၁ ဦး ၁ ပိသာ ခွဲတမ်းနဲ့ ရောင်းချတာကို လူထုဟာ အချိန်ပေးပြီး တန်းစီဝယ်ယူရတဲ့ အခြေအနေလည်းတွေ့မြင့်လာရပါတယ်။

အဲဒီလိုရောင်းချရာမှာလည်း စတင်ရောင်းချချိန်က ၁ ပိသာကို ၄၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချရာကနေ အခုအချိန်မှာ ၅၀၀၀ ကျပ်ထိဈေးတက်သွားပါတယ်။

ပြည်တွင်းမှာ စားသုံးနေတဲ့ စားအုန်းဆီကို ပြည်ပကနေ အဓိကထားတင်သွင်းရတာဖြစ်ပြီး အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြောင့် တင်သွင်းတဲ့ပမာဏကို စစ်ကောင်စီကထိန်းချုပ်လိုက်ရာမှာ လိုအပ်တဲ့ပမာဏကို မဖြည့်တင်းနိုင်တဲ့အတွက် ဈေးနှုန်းမြင့်တက်လာလို့ စားအုန်းဆီ ရောင်းချသူတွေက ပြောကြပါတယ်။

ဆန်ဈေးမှာဆိုရင် စစ်ကိုင်းတိုင်းအတွင်း အဓိက စိုက်ပျိုးတဲ့ ရွှေဘိုပေါ်ဆန်းဟာ ၁ အိတ်ကို ကျပ် ၄၀၀၀၀ ကျော်ခုန်တက်သွားပါတယ်။

စစ်ကိုင်းတိုင်းရဲ့အခြေအနေကြောင့် ဆန်းစပါးစိုက်ပျိုးဖို့ မဖြစ်နိုင်တာကြောင့် လာမယ့် နှစ်မှာ ရွှေဘိုပေါ်ဆန်းဈေးဟာ ဒီထက်ပိုတက်လာဖို့ပဲရှိတယ်လို့ ဆန်ဆိုင်တွေက ပြောကြပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးကျဆင်းမှုဟာ အနုတ် ၁၈ အထိ ထိုးကျသွားပါတယ်။

နိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေကို ၂၀၂၄ ခုနှစ်အထိ ခန့်မှန်းတွက်ချက်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာဆိုရင် ၂၀၂၂ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ကွက်လပ်ထားခဲ့ပါတယ်။

ဒါဟာလာမယ့်နှစ်တွေမှာ ခန့်မှန်းလို့မရတဲ့ မသေချာမရေရာမှုတွေကြောင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံ အတွက် စီးပွားရေးခန့်မှန်းချက်ကို ဖယ်ထုတ်ထားရတာလို့ ကမ္ဘာ့ဘဏ်က ရှင်းလင်းထားဖူးပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။