Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီ​ဈေးနှုန်းများဆက်တက်

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကလည်း စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ကုန်စည်သယ်ဆောင်ဈေးနှုန်းများကို မြှင့်တင်ကြောင်း ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ထားသည်။

(ရန်ကုန်မြို့ရှိ Max ဆီဆိုင်တစ်ဆိုင်ကို သြဂုတ် ၂၉ ရက်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-People's Spring)
(ရန်ကုန်မြို့ရှိ Max ဆီဆိုင်တစ်ဆိုင်ကို သြဂုတ် ၂၉ ရက်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-People's Spring)

▪︎တစ်လအတွင်းဒီဇယ်​​​ဈေး ၅၀ရာခိုင်နှုန်းကျော်၊ဓါတ်ဆီ​ဈေး ၄၀ ရာခိုင်နှုန်း​ကျော်မြင့်တက်

ပြည်တွင်းတွင်စက်သုံးဆီဈေးဆက်လက်မြင့်တက်​နေပြီး ပရီမီယံဓါတ်ဆီတစ်လီတာလျှင်ကျပ် ၃၃၃၅ကျပ် အထိမြင့်တက်လာကြောင်းဈေးကွက်အတွင်းမှ သိရသည်။

“ဆီဈေးတက်တာကတော့ ဒေါ်လာဈေးကြောင့်တက်လာပဲ။ နောက်ပြီး ဒေါ်လာကလည်း ဈေးကွက်ထဲမှာ လိုသလောက်မရဘူး။ ရုရှားက ဆီတွေသယ်လာတာလည်း သယ်ယူစရိတ်ကြောင့် ဒီထက်ပိုပြီးဈေးတက်ဖို့ပဲရှိတယ်”ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယနေ့(သြဂုတ် ၃၀ရက်) ဓာတ်ဆီအောက်တိန်း၉၂တစ်လီတာလျှင် ၂၅၇၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင်၂၆၃၅ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၃၂၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၃၃၅ ကျပ် အထိရှိလာသည်။

ဩဂုတ် ၁ ရက်က အောက်တိန်း ၉၂ တစ်လီတာလျှင်၁၈၂၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၈၉၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၃၅ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၉၅ကျပ်ရှိခဲ့သည်။ ထိုဈေးနှုန်းများသည် ရန်ကုန်ဈေးနှုန်းများသာဖြစ်ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင် သယ်ယူစရိတ်ကြောင့် ​ဈေးပိုများသည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် ဩဂုတ်လ တစ်လအတွင်းမှာပင် ဒီဇယ်တစ်လီတာလျှင် ၁၁၄၀ကျပ်၊ ဓာတ်ဆီတစ်လီတာလျှင် ၇၄၅ကျပ်​ဈေးတက်လာခြင်းဖြစ်သည်။ တစ်နည်းအား တစ်လအတွင်း ဒီဇယ်တန်ဖိုးသည် ၅၀ ရာခိုင်နှုန်းကျော် နှင့် ဓာတ်ဆီတန်ဖိုး ၄၀ ရာခိုင်နှုန်းကျော်မြင့်တက်လာခြင်းဖြစ်သည်။

ထိုသို့ဈေးနှုန်းကြီးမြင့်လာသော်လည်း ဈေးကွက်အတွင်း စက်သုံးဆီကို လိုသ​လောက်ဝယ်မရဘဲ အကန့်အသတ်ဖြင့်သာဝယ်ရ​ကြောင်းရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

နယ်မြို့များတွင်ဓာတ်ဆီတစ်လီတာလျှင်၃၀၀၀ကျပ်အထက်​ဈေး​ပေါက်ပြီး စက်သုံးဆီလိုသဘောက်မရဘဲဆိုင်ကယ်နှင့်ကားများကို အကန့်အသတ်ဖြင့်သာရောင်းနေသည်။

“မြစ်ကြီးနားမှာဆိုရင် ဆိုင်ကယ်တစ်စီးကို တစ်လီတာနဲ့ ကားတစ်စီးကို ၃၀၀၀၀ ဖိုးလောက်ပဲရောင်းပေးတော့တယ်။ ဆီတဂါလံ(၄လီတာ)ကို တစ်သောင်းခွဲ၊နှစ်သောင်းပေးနေရပြီ”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်များလည်းပိုမိုမြင့်တက်လာပြီးအခြေခံစားသောက်ကုန် ဈေးနှုန်းများကြီးမြင့်လာသည်။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကလည်း စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ကုန်စည်သယ်ဆောင်ဈေးနှုန်းများကို မြှင့်တင်ကြောင်း ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။