အောက်တိုဘာ – ၂၊၂၀၂၆
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ဒီနေ့ (အောက်တိုဘာလ ၂ ရက်) မနက်ပိုင်းကရွှေပန်းထိမ်ဆိုင်ကို အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ကျုးလွန်သူလို့စွပ်စွဲခံရသူ အမျိုးသားနဲ့အမျိုးသမီးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံအချို့ဆိကသိရပါတယ်။
ဒီမနက်၈ နာရီခွဲဝန်းကျင်မှာမြစ်ကြီးနားမြို့ ၊ မင်းရပ်ကွက်ရှိ ရွှေစည်တော် ရွှေပန်းထိမ်ကိုအနုကြမ်းစီးမှုဖြစ်ခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာအနုကြမ်းစီးသူအမျိုးသားကဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ခုတ်တာကြောင့်ဦးခေါင်းဒဏ်ရာရပြီး ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးတာလို့ သိရပါတယ်။

Public Service Announcement
အမျိုးသားနဲ့အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားပြီးအကူအညီလိုအပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်လာပြီးနောက်အနုကြမ်းစီးတာလို့ဖြစ်စဉ်ကိုသိတဲ့ ဒေသခံက ဆိုပါတယ်။
“ဆိုင်ရှင်မိန်းမကြီးအတော်ထိသွားတယ်၊ သွေးတွေလည်းမနည်းဘူး”လို့ အဲဒီဒေသခံက ပြောပါတယ်။
ဖမ်းခံရသူအမျိုးသားနဲ့အမျိုးသမီးဟာအသက် ၃၀ ကျော်အရွယ်တွေရှိကြပါပြီ။
လက်ရှိမှာတော့ မြစ်ကြီးနားရဲစခန်းကိုခေါ်ဆောင်သွားပြီး ဖမ်းချုပ်ထားတယ်လို့သိရပါတယ်။မြစ်ကြီးနားမြို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမြို့ဖြစ်ပါတယ်။



















































