Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ငါးဖမ်းလှေကို ထိုင်ဝမ် ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်နဲ့ထိုး

နယ်ကျော်လာတဲ့ တရုတ် ငါးဖမ်းလှေကို မီးသတ်ပိုက်နဲ့ထိုးပြီး တားဆီးခဲ့ကြောင်း ထိုင်ဝမ် ကမ်းခြေစောင့်တပ် (CGA)က အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နယ်ကျော်လာတဲ့ တရုတ် ငါးဖမ်းလှေကို မီးသတ်ပိုက်နဲ့ထိုးပြီး တားဆီးခဲ့ကြောင်း ထိုင်ဝမ် ကမ်းခြေစောင့်တပ် (CGA)က အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး ထိုင်ဝမ်ပိုင် ဒေါင်ရှားကျွန်းစု ကမ်းလွန် ကန့်သတ်ရေပြင်ကနေ ထွက်ခွာဖို့ ငါးဖမ်းလှေက ငြင်းဆိုနေလို့ အခုလို တုံ့ပြန်ခဲ့တာလို့ CGAက ဆိုပါတယ်။

နယ်ကျော်ပြီး ငါးဖမ်းနေတဲ့ တရုတ်လှေ နှစ်စီးဖြစ်ပေမယ့် ကျန်တဲ့တစ်စီးကတော့ နှုတ်နဲ့ သတိပေးချိန်မှာပဲ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ဒေါင်ရှားကျွန်းဟာ တရုတ်က အစိတ်အပိုင်း အများစုကို ပိုင်နက်ရေပြင်အဖြစ် သတ်မှတ် ကြေညာထားရာ တောင်တရုတ်ပင်လယ်ထဲမှာ တည်ရှိပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးကတော့ ထိုင်ဝမ်အနေနဲ့ အခုလို အခြေအနေမျိုးတွေမှာ အန္တရာယ်များတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဖိအားပေးတာမျိုး လုပ်ခွင့် မရှိကြောင်း၊ ဆိုးရွားတဲ့ အကျိုးဆက် တစ်ခုခုသာ ဖြစ်လာရင် ထိုင်ဝမ်ကပဲ တာဝန်ယူရမှာဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တရုတ် ကမ်းခြေစောင့် ရေယာဉ်တွေ ကိုယ်တိုင်က ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင် နိုင်ငံရဲ့ ကမ်းခြေစောင့် သင်္ဘောတွေကို ရေအားပြင်းတဲ့ မီးသတ်ပိုက်တွေနဲ့ လှမ်းထိုးတာမျိုးတွေ လုပ်နေကျ ဖြစ်ပါတယ်။

ထိုင်ဝမ် ကမ်းခြေစောင့်တပ်ရဲ့ တန်-၄၀၀၀ အလေးချိန်ရှိတဲ့ ယွန်လင်း ကြားဖြတ် ဟန့်တားရေး ရေယာဉ်ဟာ ဒေါင်ရှားကျွန်းရဲ့ အရှေ့ဖက် ရေမိုင် ၂၇ မိုင်အကွာ၊ ကန့်သတ်ဇုန်ရဲ့ အတွင်းပိုင်း ရေမိုင် ၈ မိုင်လောက်မှာ ငါးဖမ်းနေတဲ့ လှေနှစ်စီးကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ထွက်ခွာသွားဖို့ သွားရောက် သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ ကျင့်ရှားဆိုတဲ့ ငါးဖမ်းလှေက အဲဒီသတိပေးချက်ကို မျက်ကွယ်ပြုထားတဲ့နောက် ယွန်လင်းက လှေရဲ့ ထိန်းချုပ်ခန်းဖက်ဆီကို အားပြင်းတဲ့ မီးသတ်ပိုက်နဲ့ စက္ကန့် ၃၀ လောက်ကြာအောင် လှမ်းထိုးခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ငါးဖမ်းလှေဟာ စက်ရပ်သွားပြီး ဆက်လက် ခုတ်မောင်းလို့ မရတော့ပါဘူး။

အဲဒီနောက် ငါးဖမ်းလှေ အဖွဲ့သားတွေရဲ့ တောင်းဆိုမှုအရ ထိုင်ဝမ် သင်္ဘောက ၃၅ ယောက်စာ အစားအသောက်တွေကို ပို့ဆောင်ပေးခဲ့ပြီး ညပိုင်းမှာတော့ လှေကို ကန့်သတ်ရေပြင်ကနေ ဆွဲထုတ်ခဲ့ပါတယ်။ အောက်တိုဘာ ၂ ရက် မနက်အစောပိုင်းမှာ CGAက တရုတ်ငါးဖမ်းလှေကို တရုတ်ဖက် ပြန်လွှဲပေးခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ ဒေါင်ရှားကျွန်းတဝိုက် ရေပြင်ကို အမျိုးသား ဥယျာဉ်ဇုန် တစ်ခုအဖြစ် သတ်မှတ်ထားပြီး ငါးဖမ်းခွင့် ပိတ်ထားကြောင်း CGAက ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တရုတ်ငါးဖမ်းလှေတွေဟာ အဲဒီရေပြင်ထဲ ဝင်ရောက်ပြီး ငါးဖမ်းတာတွေကို အရှိန်မြှင့်လာကြောင်း၊ တစ်ခါတလေမှာ တစ်စီးကို တန်ချိန် အတော်များများထိ ငါးတွေ ဖမ်းယူသွားလေ့ရှိကြောင်းလည်း CGAက စွပ်စွဲထားပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

Trending

Facebook