အောက်တိုဘာ – ၃၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ကျုံဒိုးမြိုနယ်ထဲကကျေးရွာတွေကိုအာဏာသိမ်းစစ်တပ်ကလက်နက်ကြီးနဲ့ ပြီးခဲ့တဲ့လပိုင်းကပစ်ခတ်တာကြောင့်ဒေသခံသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးပြီး လူငယ်တစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး( KNU ) ကအောက်တိုဘာလ ၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၁၂) အမြောက်တပ်ရင်း နဲ့ တပ်သစ်အမြောက်ကုန်းတို့ကနေ KNU ထိန်းချုပ်နယ်မြေ ကျုံးဒိုးမြို့နယ်ထဲက ရွာတွေဘက်ဆီ လက်နက်ကြီးနဲ့ စက်တင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိနေ့စဉ်ပစ်ခတ်တာလို့ KNU က ဆိုပါတယ်။
အဲဒီလိုပစ်ခတ်မှုကြောင့်အသက် ၇၃ နှစ်အရွယ်သက်ကြီးပိုင်းအမျိုးသမီးကြီး တစ်ဦးသေဆုံးခဲ့သလို အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။

Public Service Announcement
ဒါအပြင်လူနေအိမ်နှစ်လုံးနဲ့ ရာဘာပင်အပင်ရေ ၃၅၀ ကျော်ထိခိုကပျက်စီးသလိုအိမ်မွေးဝက်တစ်ကောင်လည်း ဒဏ်ရာရတယ်လို့ KNU ရဲ့ဖော်ပြချက်မှာပါရှိပါတယ်။
ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့မှာအခြေစိုက်ထားတဲ့ စစ်တပ်ရဲ့ တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့မြို့ပြင်က ကျေးရွာတွေဆီ လက်နက်ကြီးနဲ့လှမ်းပစ်ခတ်သလိုရှိသလို ဒရုန်းသုံးပြီး ကင်းထောက်တာ ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေလည်းရှိနေပါတယ်။
ကျုံဒိုးမြို့နယ်ဟာKNU ရဲ့အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရဒူးပလာ ယာခရိုင်ထဲမှာပါဝင်ပါတယ်။ KNU တပ်မဟာ (၆) နယ််မြေဖြစ်တဲ့ ဒူးပလာယာခရိုင်ကို မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး ၊ကျုံဒိုးမြို့နယ်တွေတဲ့ ဖွဲ့စည်းထားတာပါ။



















































