Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု စစ်ရှောင် ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

(စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ -ပေးပို့)

အောက်တိုဘာ ၃-၂၀၂၆။မိုမို၊ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊ လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်ရေးဗိုလ်ပျံလွှား(ခေါ်)ဝေဇင်အောင်

(​ခေါ်)​ဝေကြီးဟာ စစ်တပ်ထံ အညံ့ခံသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို အောက်တိုဘာ၂ရက်ညနေပိုင်းကတည်းကလေကြောင်းကနေ ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ဘေးရှောင်စခန်းအကုန်လုံးနီးပါးပျက်စီးသွားတယ်။ဗုံးကြဲခံရတဲ့ နေရာမှာ အမျိုးသား ၂ဦးဆုံး။တစ်ဦး ဒဏ်ရာရတယ်”လို့ မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တာ၀န်ရှိသူတစ်ဦးက​ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃ရက် မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာ နဲ့ ရဟတ်ယာဉ်တွေ ၄စီးထက်မနည်းသုံးကာ စစ်တပ်ရဲ့ လေကြောင်းခြိမ်းခြောက်မှုတွေ ဆက်ရှိနေတယ်လို့ ချောင်းဦးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေက လာနိုင်သေးတယ်။ဒီမနက်တင်လေးစီးလောက်ဝဲနေတာ”လို့ သူကဆက်ပြောပါတယ်။

အောက်တိုဘာ ၁ရက် ညနေပိုင်းမှာ ပျံလွှားဟာ စစ်တပ်ထံ အညံ့ခံသွားတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ၎င်းဟာ ကျပ်သိန်း ၁၀၀ကျော်နဲ့သေနတ် ၁လက်ပါသွားတယ်လို့ သိရပါတယ်။

ဒေသခံတော်လှန်ရေးရဲဘော်တဦးကလည်း “အခုလောလောဆယ်သူတ‌ယောက်တည်း ပေါင်းသွားတယ်လို့သတင်းရတယ်။သူပေါင်းပြီးတဲ့နောက် နေခဲ့တဲ့နေရာ နဲ့ ဆေးရုံကို ဗုံးကြဲသွားတယ်။တပ်ရင်းကရဲဘော်တွေကအရင်ကတည်းကတပ်ပေါင်းစုဖွဲ့ထားပြီးပြီမို့အဆင်ပြေပါတယ်”လို့ပြောပါတယ်။

ပျံလွှားဟာမုံရွာခရိုင်တပ်ရင်း(၁၅) စတင်တည်ထောင်စဥ်က တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့ပေမယ့် ချောင်းဦးမြို့နယ်မှာ တော်လှန်ရေးအဖွဲ့ ၇ဖွဲ့ ပူးပေါင်းပြီး (6+1)တပ်ပေါင်းစုဖွဲ့ပြီးနောက် ပျံလွှားဟာ တပ်ရေးဗိုလ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။

ဒါ့အပြင် ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာအနီးဝန်းကျင်နဲ့ အရာတော်မြို့နယ်တောင်ခြမ်း၊ ကံရင်းကျေးရွာကိုလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂) ဦးဒဏ်ရာရခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

လေကြောင်းဆိုင်ရာသတင်းအချက်အလက်တွေအရစစ်တပ်ကအရာတော်မြို့နယ်တောင်ခြမ်းကိုတံတား ဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မနေ့က ညနေ ၄နာရီ ၄၀မိနစ်မှာ ၁ကြိမ်၊ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ဂျက်ဖိုက်တာနဲ့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ၁ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ချောင်းဦးမြို့နယ်လည်း မိတ္ထီလာရှမ်းတဲလေတပ်ကတက်တဲ့ ဂျက်ဖိုက်တာ ၂ စီး နဲ့ လေကြောင်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဘိုးအို ၁ဦး သေဆုံးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Trending

Facebook