Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းကစစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ၊စစ်​ရှောင်ပြည်သူ၆ဦးထက်မနည်းသေဆုံး

ဒဏ်ရာရသူ​တွေလည်းရှိပြီး​သေဆုံးသူထပ်တိုးလာနိုင်သေးဟု​​ဒေသခံ​တွေ​ပြော

(စစ်​ဘေး​ရှောင်​တွေစု​နေတဲ့ တဲအိမ်စုကိုစစ်တပ်ကဗုံးကြဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk ၊Wai Hnin Aung)

အောက်တိုဘာ-၄ ၊၂၀၂၆။ခိုင်မြတ်/People’s Spring

ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာတည်ရှိတဲ့ဗျာလစစ်ဘေးရှောင်စခန်းကိုအာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရ သူအများအပြားရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ဟာအောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီ ၁၀ မနစ်လောက်မှာ တိုက်ပွဲနေရာတွေနဲ့ အလှမ်းဝေးပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ စုပေါင်းနေထိုင်ကြတဲ့ ဓနိမိုး၊ ဝါးကာတဲအိမ်ငယ်တွေကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

“လတ်တလောကတော့ခြောက်ဦးစာရင်း၊ အလောင်းကတော့ရတယ်။အဲဒီနားပတ်ဝန်းကျင်မှာပြောနေကြတာကတော့ကိုးယောက်လောက်ရှိမယ်လို့ပြောနေကြတယ်။အဲဒါ အတည်ပြုလလို့ မရနိုင်ကြသေးဖြစ်နေသေးတယ်”လို့မြေပြင်မှာကူညီပေးနေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချို နဲ့ ယိုးငူရွာကြားမှာရှိတဲ့ ယိုးငူ၊ ဗျာလစစ်ဘေးရှောင်စခန်းကိုအောက်တိုဘာလ ၄ ရက်၊ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်မှာစစ်တပ်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ဗုံးကြဲတာစစ်ဘေးရှောင်ပြည်သူ ၆ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့AA ကထုတ်ပြန်ပါတယ်။နေအိမ်နဲ့ဈေးဆိုင်အများအပြား ပျက်စီးမီးလောင်သွားခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ အသိ​ပေးပါတယ်။

“၄၉၂၆ စစ်ဆင်ရေး ၁ လပြည့် အဖြစ် စစ်ရှောင်တွေကို လာရောက်သတ်ဖြတ်တာဖြစ်တယ်” လို့လည်း စာရေးဆရာ ဝေဟင်အောင်က ပြောပါ တယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာ ဒီနေ့ဆိုရင် တလပြည့်ခဲ့ပြီဖြစ်ပါတယ်။

“နေလည်းပူနေတယ်။ဓနိမိုးအိမ်တွေလည်းဖြစ်တယ်ဆိုတော့ ဗုံးကျတာနဲ့ မီးထလောင်တယ်။ အလောင်းတွေအများကြီးရှိနိုင်တယ်။ တဆယ်လောက်ထက် ကျော်မလားမသိဘူး။ ဒဏ်ရာရတာတွေလည်းအများကြီး။လူတွေလည်းပြေးနေကြတယ်”လို့ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံတဦးကပြောပါတယ်။

ဗျာလစစ်ဘေးရှောင်စခန်းဟာစစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းနယ်အစပ် လက်ရှိတိုက် ပွဲဖြစ်နေတဲ့ နေရာတွေနဲ့ ဆယ်မိုင်ကျော်အကွာမှာ တည်ရှိပြီး စစ်တွေ၊ ပုဏ္ဏားကျွန်းစတဲ့ဒေသတွေက စစ်ရှောင်တွေ ခိုလှုံနေကြတာဖြစ်ပါတယ်။

စစ်တွေတိုက်ပွဲအတွင်း စစ်ကြောင်းလိုက် သေဆုံးပြီး တပ်စခန်းတွေလက်လွှတ်နေရတဲ့ စစ်တပ်ဟာ စစ်တွေနဲ့ ထိ စပ်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့အပြင် အရပ်သားလူနေကျေးရွာ၊ မြို့ပေါ်ရပ်ကွက်တွေ ကို လေကြောင်းကနေ ဗုံးတွေ ဆက်တိုက်ကြဲချတိုက်ခိုက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၄ ရက်နေ့ထိ တစ်လတာကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင် ဒေသခံ အရပ်သားပြည်သူ ၆၄ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီသေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ အခုဗျာလစစ်ဘေးရှောင်စခန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးရသူ တွေ မပါဝင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

Trending

Facebook