Connect with us

Hi, what are you looking for?

သတင်း

အရပ်သားနဲ့ စစ်ရှောင်ပြည်သူတွေရှိတဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်ဗုံးကြဲ

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အောက်တိုဘာ-၄၊၂၀၂၆။ဇော်၀င်း/People’s Spring

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၄ ရက်)‌ နေ့လယ်ပိုင်းကတည်းက လေကြောင်းတိုက်ခိုက်နေရာ ညနေ ၃ နာရီခန့်အထိ ၄ကြိမ်ထက်မနည်းဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူအထိအခိုက်ရှိတယ်တော့ ကြားတယ်။အသေး စိတ်တော့ မသိရသေးဘူး။ဗုံးကြဲတာရော လက်နက်တွေနဲ့ပါ ပစ်သွားတာ”လို့ ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်မှာ နေ့စဉ်နီးပါး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံနေပြီး အထူးသဖြင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလတည်းမှာပဲ ‌လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒရုန်း၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဟာ နေ့စဉ်နီးပါး ဖြစ်နေပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာ၀န်ရှိသူက ပြီးခဲ့တဲ့ရက်ပိုင်းက လူထုနွေဦးကို ပြောထားပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက် ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုရှိပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရှမ်း-ကရင်နီနယ်စပ် အပါအ၀င် ဒီးမော့ဆို၊လွိုင်ကော်မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒဏ်ရာရသူ​တွေလည်းရှိပြီး​သေဆုံးသူထပ်တိုးလာနိုင်သေးဟု​​ဒေသခံ​တွေ​ပြော

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

Trending

Facebook