အောက်တိုဘာ – ၅ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိသဲဖြူချောင်းရွာဝန်းကျင်မှာထိုးစစ်ဆင်လာနေတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ လက်ရှိအောက်တိုဘာလဆန်းပိုင်းမှာတိုက်ပွဲတွေပြန် လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
မြ၀တီမြို့ရဲ့တောင်ဘက်ခြမ်းက သဲဖြူချောင်းရွာဆီ လေးကေကော်မြို့သစ်ဘက်ကနေစစ်တပ်စစ်ကြောင်းတွေဟာ တောင်ပေါ်တောလမ်းအတိုင်း ဆင်းလာပြီး ထိုးစစ်ဆင်နေတာဟာ သုံးလခန့်ရှိလာပါပြီ။
မနေ့ (အောက်တိုဘာ ၄ ရက်)မှာတော့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
သဲဖြူချောင်းရွာဟာ ကျောက်ခက်ရွာရဲ့ အနောက်မြောက်ဘက်ခြမ်းမှာတည်ရှိတာပါ။ သဲဖြူချောင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်တပ်စစ်ကြောင်းတွေအကြိမ်ကြိမ်ထိုးစစ်ဆင်လာခဲ့ပေမယ့် ပြန်ဆုတ်သွားခဲ့ရတယ်လို့ အဲဒီကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။
မနေ့ ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ကလေကြောင်းကနေသဲဖြူချောင်းရွာဝန်းကျင်တဝိုက်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့တယ်လို့လည်း ကရင်သတင်းရင်းမြစ်ကဆိုပါတယ်။
သဲဖြူချောင်းအနီးကကျောက်ခက်နယ်မြေဟာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တပ်ဖွဲ့ရဲ့ ထိန်းချုပ်ဒေသဖြစ်ပြီးတော့ အဲဒီနယ်မြေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နယ်မြေဒေသတစ်ခုလည်း ဖြစ်တာပါ။
ကျောက်ခက်ဒေသဟာထိုင်း – မြန်မာနယ်စပ်မျဉ်းအနီး သောင်ရင်းမြစ်ဘေး မြန်မာဘက်ခြမ်းမှာတည်ရှိတာပါ။



















































