Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းက ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ တိုက်ခိုက်ခံရ

စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၁၀ နာရီခန့်က စစ်ကိုင်းမြို့ အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်းမှာ သင်တန်းဆင်းပွဲပြုလုပ်နေချိန် ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲလုပ်နေတဲ့ ကွင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သင်တန်းဆင်းပွဲကို ပစ်တဲ့ ၂ လုံးက သင်တန်းကွင်းထဲကျတာ။ အဲ့နောက် ထိခိုက် သေဆုံးတဲ့ ရဲတွေကို လူနာတင်ကား ၂ စီးနဲ့ လာခေါ်သွားတယ်”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ဒါ့အပြင် ညနေ ၃ နာရီခန့်မှာလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စစ်ကိုင်း တပ်မ (၃၃)ကို သွားတဲ့ စစ်တပ်ရဲ့ ၇ စီးပါ ယာဉ်တန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုဝင်တွေကိုလည်း ရဲတပ်ရင်း (၁၆)အနီးမှာ လက်နက်ကြီး ၃ လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)က ထုတ်ပြန်ပါတယ်။

“ပတ်ဝန်းကျင်ကိုလဲ ရမ်းပစ်တယ်။ ပွဲကတော့ ညနေ ၄ နာရီလောက်ထိ ကိုယ်ကပစ်လိုက် သူကပြန်ပစ်လိုက်နဲ့တနေကုန်နီးပါးလောက် ဖြစ်တာ”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရဲတပ်ရင်း(၁၆)အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် အဲဒီနေ့က မုံရွာ-မန္တလေးသွားတဲ့ခရီးသွားယာဥ်တွေ ရပ်တန့်စောင့်ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​ဒီဖြစ်စဉ် ၂ ခုလုံးမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမဲ့ အရေအတွက် အတိအကျကိုတော့ ယနေ့အထိ အတည်မပြုနိုင်သေးဘူးလို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းမြို့၊ ရဲတပ်ရင်း ၁၆ အနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စစ်ကိုင်း တပ်မ ၃၃ ကို သွားတဲ့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကားတစ်စီး ပျက်စီးသွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Trending

Facebook