Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မှာလေကြောင်းတိုက်ခိုက်ခံရပြီးလူငယ်တစ်ဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ်အရှေ့မြောက်ဘက်ကို အာဏာသိမ်းစစ်တပ်ကအောက်တိုဘာလ ၄ ရက်မှာလေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

အောက်တိုဘာ – ၆ ၊၂၀၂၆

အောက်တိုဘာ ၄ ရက် နေ့ခင်း ၃ နာရီခွဲခန့်မှာ အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 နဲ့ တိုက်ခိုက်တာကြောင့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးသေဆုံးပြီးအခြား ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရတာပါ။

“မြေပြင်တိုက်ပွဲမရှိပါဘူး ၊ရွှေဘိုနဲ့ ဝက်လက်အစပ်နေရာကို လေကြောင်းကပစ်ခဲ့တာပါ”လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း နဲ့ ရွှေဘို အရှေ့တောင်ခြမ်း အစပ်တစ်နေရာကို မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ် အမှတ် (၁၃) တန်းမြင့်စစ်သင်တန်းကျောင်းက တက်လာတဲ့ တိုက်ခိုက်ရေးစစ်ရဟတ်ယာဉ်က က ပစ်ခတ်တိုက်ခိုက်တာလို့ မြေပြင်အချက်အလက်ဖော်ပြပေးနေတဲ့ Wetlet Informational Network က ဓာတ်ပုံနဲ့ တကွဖော်ပြထားပါတယ်။

လက်ရှိ အောက်တိုဘာလဆန်းပိုင်း ၃ ရက်ကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်း ၊ရွှေပန်းကုန်းရွာ ကိုတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook