အောက်တိုဘာ-၆၊၂၀၂၆။ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ၆ရက်နေ့၊မနက်၈နာရီကျော်ကထန်းပင်ကုန်းရွာကိုတပ်စွဲထားတဲ့ စစ်တပ်ကသာပေါင်းလေးရွာအလယ်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဒရုန်းနဲ့ ဗုံးသီးချတိုက်ဗုံးကြဲတာကြောင့် ကျောင်းသား၊ကျောင်သူ ၇ ဦးနဲ့ စစ်ကောင်စီ ဆီမှာ အမှုထမ်းနေတဲ့ ကျောင်းဆရာမတဦးဒဏ်ရာရခဲ့ပါတယ်။
“ဒီကျောင်းက စကစ အုပ်စိုးထားတဲ့နယ် မြေမှာပဲရှိတာ။ ကျောင်းတက်ခါနီးအချိန်ဆို တော့ကလေးတွေက ကျောင်းဝန်းထဲစုံနေတဲ့ အချိန်မှာဗုံးချတာ။ကလေးနှစ်ယောက်က တော့ဒဏ်ရာတော်တော်ပြင်းပြီးစိုးရိမ်ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
ဗုံးသီးဟာ ကျောင်းမျက်နှာစာမှာကျခဲ့ပြီး ကျောင်းဆောင်ပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေကိုဆေးဝါးကုသမှုပေးနေပြီး ကျောင်းသူနှစ်ဦးဟာဒဏ်ရာစိုးရိမ်ရတယ်လို့သိရပါတယ်။
စစ်တပ်ကအရပ်သားတွေကိုဆက်တိုက် လေကြောင်းတိုက်ခိုက်နေပြီးတောင်သာ၊နွားထိုးကြီး၊မြင်းခြံနယ်တို့မှာ စစ်တပ်က ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ် ။



















































