အောက်တိုဘာ ၇၊၂၀၂၆။သုည/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ရှောင်ပြည်သူတွေနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်တို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ရှိရေး ထောက်ခံပွဲ ဒီကနေ့ (စက်တင်ဘာ ၇) က ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “Our Ambassador – Our Voice” ၊ “Our UN Ambassador H.E Kyaw Moe Tun, True Voice of Myanmar” ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး ကုလသမဂ္ဂ မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိစေရေးအတွက် ထောက်ခံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Public Service Announcement



















































