Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ မြောင်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၃၀) ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၃၀၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ မြောင်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၃၀) ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းက “Our Ambassador. Our Voice. Our Representative” စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ရွှေဥက္ကံလူထုသပိတ်မှ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် ထိန်းချုပ်ထားတဲ့ မြောင်မြို့ ၊ မြို့မဈေးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးအတွက် ဦးတည်သော FreeHer လှုပ်ရှားမှုအတွက် နှိုးဆော်မှု ပြုလုပ်ခဲ့ပါတယ်။

FreeHer လှုပ်ရှားမှုမှတစ်ဆင့် ပြည်သူလူထုအနေနဲ့ အကြောက်တရားကို ဖယ်ခွာကာ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့နဲ့ မတရားဖမ်းဆီးခံထားရသူတွေအတွက် ဆက်လက် အသံထွက်ပေးကြဖို့ သပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – GSCB ၊ ရွှေဥက္ကံလူထုသပိတ်

ဆက်စပ်သတင်းများ

ဆောင်းပါး

"ဒီပဝါကို အနီးကပ်ကြည့်ကြည့်ရင် ကျဆုံးသွားသူတွေရဲ့ နာမည်တွေနဲ့ အသက်တွေကို ဖော်ပြထားပါတယ်။အငယ်ဆုံးက နှစ်လသားပါ၊ အကြီးဆုံးက ၁၀၅ နှစ်ပါ..."

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ ကိုင်ပြောခဲ့တဲ့ ပဝါပေါ် ရေးထားတဲ့ အမည်တွေကတစ်ဆင့် ထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်ပေးကြဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာစိတ် ရှိကြဖို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားပါတယ်။

အတွေးအမြင်

ယောက်ျားရင့်မာကြီး တစ်ယောက် လူပုံအလယ်မှာ ဝမ်းနည်း မျက်ရည်ကျနေတာကို ကြည့်ရင်း ကျွန်တော်တို့လည်း သူနဲ့အတူ မျက်ရည်တွေ ကျခဲ့ရပါတယ်။