Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့ ပေါ်ကထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကအမျိုးသမီး ၁ ဦးပစ်သတ်

မန္တလေးတိုင်း၊တောင်သာမြို့ပေါ်က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက မင်းတည်းကျေးရွာကို ဝင်ရောက်ပြီး ဒေသခံ အမျိုးသမီး ၁ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊တောင်သာမြို့ပေါ်က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက မင်းတည်းကျေးရွာကို ဝင်ရောက်ပြီး ဒေသခံ အမျိုးသမီး ၁ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ-၉၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့ပေါ်က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက မင်းတည်းကျေးရွာကို ဝင်ရောက်ပြီး ဒေသခံ အမျိုးသမီး ၁ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ၈ရက် မနက် ၆နာရီမှာ တောင်သာမြို့ပေါ်က ထွက်လာတဲ့ စစ်ကြောင်းဟာ ကားလမ်းဘေးမှာရှိတဲ့ မင်းတည်းရွာထိပ်ကို ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုအတွင်း ကျေးရွာထိပ် လေထိုး၊ကျွတ်ဖာဆိုင်မှာ အလုပ်လုပ်တဲ့ အသက်(၅၃) နှစ်အရွယ် ဒေါ်ခင်မြင့်ထိမှန်သေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​​ပြောပါတယ်။

“အဲဒီအနားမှာ တော်လှန်ရေးအဖွဲ့တစ်ယောက်မှမရှိဘူး။ဒီအတိုင်းပစ်ချင်လို့ကို ပစ်တာ။ရွာကိုစီးတာလည်းမဟုတ်ဘူး။ကတ္တရာလမ်းဘေးကို ပစ်တာ။အလောင်းလည်းသူတို့ရှိနေသမျှ ပေးမ ကောက်ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းကျေးရွာထိပ်က ထွက်သွားချိန်နေ့ခင်းပိုင်းမှသာအလောင်းကို ​မိသားစုဝင်​တွေကကောက်ယူခွင့်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် စစ်တပ်စစ်ကြောင်းဟာ တံငါကျင်းကျေးရွာဘက်ကို ထပ်မံဝင်ရောက်ပြီး ဒီကနေ့မှာ တောင်သာမြို့တွင်းကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

တောင်သာ၊မြင်းခြံ၊နွားထိုးကြီးမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ လူငယ်တွေ တွေ့ရင် ပေါ်တာဆွဲပြီး မထင်ရင်မထင်သလို ပစ်သတ်တာ ၊အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်တာတွေကြောင့် စစ်ကြောင်းလာသံ ကြားတာနဲ့ ဒေသခံတွေအကုန် ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၅ရက်ကလည်း နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးငယ် ၅ဦးကို စစ်တပ်ရဲ့ တပ်မ(၄၄)၊ရဲကွန်မန်ဒိုနဲ့ ပျူစောထီးစစ်ကြောင်း တွေက အဓမ္မပြုကျင့်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းစောင့် ဒုဗိုလ်တဦးကို အရှင်ဖမ်းဖို့ကြိုးစဉ် ခုခံတာ ကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တောင်သာ People Defense Forceက ထုတ်ပြန်ထားပါတယ်။