Connect with us

Hi, what are you looking for?

News

ကရင်နီပြည်သူများအား မီးရှို့သတ်ဖြတ်သည့် စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံများက ထိရောက်စွာအရေးယူရန် ကိုးကန့်၊ ရခိုင်နှင့် တအာင်းတပ်ဖွဲ့များ တိုက်တွန်း

အဆိုပါ လက်နက်ကိုင်သုံးဖွဲ့အနက် MNDAA အဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတိုက်နေသည့်အဖွဲ့ဖြစ်ပြီး TNLAနှင့် AA တို့မှ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် အဖွဲ့များဖြစ်ကာ AAသည် စစ်ကောင်စီဖြင့် အပစ်ရပ်ထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီမှ ကရင်နီပြည်သူများအား လူမဆန်စွာ အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများက အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့က ပူးတွဲသဘောထား ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ လက်နက်ကိုင်သုံးဖွဲ့အနက် MNDAA အဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတိုက်နေသည့်အဖွဲ့ဖြစ်ပြီး TNLAနှင့် AA တို့မှ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် အဖွဲ့များဖြစ်ကာ AAသည် စစ်ကောင်စီဖြင့် အပစ်ရပ်ထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သည်။

ယင်းလက်နက်ကိုင်သုံးဖွဲ့သည် ဒီဇင်ဘာ ၂၄ရက်က ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာ အနီး စစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူ ၃၅ဦးကျော်အား ကားပေါ်တင်မီးရှို့ သတ်ဖြတ်ခြင်း၊ ပြည်သူများအား ပြန်လွှတ်ပေးရန် သွားရောက်ညှိနှိုင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ​လေးဦးကို ပစ်ခတ်သတ်ဖြတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်မှုများသည် စစ်ကောင်စီတပ်က စစ်မြေပြင်၌ စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာအကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ် အပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ ဖြစ်သည်ဟု ဆိုသည်။ယင်းလုပ်ရပ်များသည် ကိုးကန့်၊တအာင်းနှင့် ရခိုင်ဒေသများ၌ စစ်ကောင်စီတပ် လုပ်လေ့လုပ်ထ ရှိသည့် လုပ်ရပ်သာဖြစ်ပြီး လူသားမျိုးနွယ် အပေါ် ကြီးမားသော ပြစ်မှုများကို ကြိမ်ဖန်များစွာ ပြောင်ပြောင် တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မီးရှို့သတ်ဖြတ်ခံရသည့် အပြစ်မဲ့ပြည်သူလူထုများ၏ မိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း၊ စစ်ကောင်စီ၏ ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း လက်နက်ကိုင်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ နိုင်ငံကြီးများအနေဖြင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း သဘောထား ဖော်ပြခဲသည်။

လက်နက်ကိုင်သုံးဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ရှိမရှိကိုမူ ဖော်ပြမထားပေ။ ယင်းလက်နက်ကိုင်သုံးဖွဲ့အနက် MNDAA တစ်ဖွဲ့တည်းကသာ စစ်ကောင်စီကို တော်လှန်သွားမည် ဖြစ်ကြောင်း သဘောထား ဖော်ပြထားပြီး TNLAနှင့် AAတို့မှာ အာဏာသိမ်းပြီး ၁၁လ ကြာသည် အထိ နုတ်ဆိတ်နေသည့် အဖွဲ့များဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်