Connect with us

Hi, what are you looking for?

သတင်း

ဘုရားကျောင်းတွေကိုဗုံးကြဲနေတဲ့စစ်တပ်လုပ်ရပ်ကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်ကို BRI တောင်းဆို

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ် အရေးယူပေးဖို့လည်း အမေရိကန် အစိုးရကို BRIက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

(စစ်တပ်ဗုံးကြဲအပြီး ဘုရား​ကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်း အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-BRI)

​​အောက်တိုဘာ-၁၃၊၂၀၂၆။People’s Spring

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ် အရေးယူပေးဖို့လည်း အမေရိကန် အစိုးရကို BRIက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က တိုက်လေယာဉ် တစ်စီးဟာ မင်းတပ်မှာရှိတဲ့ Victoria Synod of the Presbyterian ဘုရားကျောင်းကို ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ကြောင်း BRIက ထုတ်ပြန်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း အဆောက်အအုံ၊ သင်းအုပ်ဆရာရဲ့ နေအိမ်၊ ဘုရားကျောင်းနဲ့ ဆက်စပ် တည်ရှိတဲ့ Victoria ကိုယ်ပိုင် အထက်တန်းကျောင်းတွေပျက်စီးသွားခဲ့ကြောင်းလည်း BRIရဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

၂၀၁၈ခုနှစ်တုန်းကတည်ဆောက်ထားတဲ့ ဘုရားကျောင်းကို တိုက်ခိုက်မှုမှာထိခိုက်ဒဏ်ရာရသူတွေ ရှိသလား ဆိုတာကိုတော့ သတင်းမရသေးပါဘူး။

Public Service Announcement

Public Service Announcement

မင်းတပ်အတွက် ဆုတောင်းပေးနေကြောင်း၊ ဘုရားကျောင်းတွေ၊ ပြီးတော့ ဆက်စပ် ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ စဉ်ဆက်မပြတ် တိုက်ခိုက်နေတာတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့အမေရိကန် အစိုးရက နောက်ထပ်နှောင့်နှေးမှု မရှိဘဲ သတ်မှတ်ပေးဖို့ တောင်းဆိုချင်ကြောင်း BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဇိုတွမ်မှုန်က ပြောကြားခဲ့ပါတယ်။

ချင်းတော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မှာရှိတဲ့ အဲဒီဘုရားကျောင်းဟာ စစ်တပ်ရဲ့ ပစ်မှတ်ထားခြင်းကို ခံရတာ အခုတစ်ကြိမ် ပထမဆုံး မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းကလည်း ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာနဲ့ အသင်းတော် အကြီးအကဲ ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၂ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ သင်းအုပ်ဆရာနဲ့ နောက်တစ်ဦးကတော့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက မင်းတပ်မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကိုစတင်လုပ်ဆောင်လာခဲ့ပါတယ်။အခုနှစ် ဧပြီ ၁၃ ရက်နေ့မှာလည်း လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် မင်းတပ်မြို့မ နှစ်ချင်းခရစ်ယာန် ဘုရားကျောင်းမှာ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်က​နေ ၂၀၂၅ ဒီဇင်ဘာလအထိ စစ်တပ်က ခရစ်ယာန်ဘုရား​ကျောင်းနဲ့ အ​ဆောက်အအုံ​ပေါင်း ၃၄၃ ခုကိုဖျက်ဆီးခဲ့တယ်လို့ BRI ရဲ့သု​တေသနအချက်အလက်​တွေမှာ​ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ၂၀၂၂ ခုနှစ်က​နေ ၂၀၂၅ ခုနှစ်အတွင်းမှာပဲခရစ်ယာန်ဘာသာ​​ရေးဆရာ ၁၄၉ ဦးကိုသတ်ဖြတ်ပြီး ၂၁၈ ဦးကိုဖမ်းဆီး​ထောင်ချခဲ့ပါတယ်။

ထရမ့်ရဲ့အမေရိကန်အစိုးရကမြန်မာနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်ပြင်ပြီး အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေ ပြန်စလာနေကြောင်း Reuters သတင်းဌာနက သတင်းဆောင်းပါးတစ်ပုဒ် ရေးသား ဖော်ပြခဲ့ချိန်မှာပဲ မင်းတပ်မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာလည်းဖြစ်ပါတယ်။

ကိုးကား: BRI

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook