Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူလျှိုစေလွှတ်ခဲ့ကြောင်း ရုရှားရဲ့ စွပ်စွဲမှုကို ဂျပန်ငြင်းဆို

သူလျှိုစေလွှတ်ခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်ကို ဂျပန်က တရားဝင် ငြင်းဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - Russian Federal Security Service

သူလျှိုစေလွှတ်ခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်ကို ဂျပန်က တရားဝင် ငြင်းဆိုသွားခဲ့ပါတယ်။

သူလျှိုမှု သံသယအတွက် ဂျပန်သတင်းထောက် တစ်ဦးကို ဖမ်းဆီးထားကြောင်း ရုရှားက ထုတ်ပြန် ကြေညာခဲ့တဲ့နောက် ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက သူ့အစိုးရဟာ ရုရှားကို သူလျှိုလုပ်နေတာ မဟုတ်ကြောင်း အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ရုရှားကို သူလျှိုစေလွှတ်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း၊ ဒါပေမဲ့ ဂျပန်နိုင်ငံသားတိုင်းကို ကာကွယ်ပေးရေး ဆိုတာက လောလောဆယ်အတွက် အရေးအကြီးဆုံး ကိစ္စဖြစ်လာပြီး ဂျပန် အစိုးရ အနေနဲ့လည်း ဒီအပိုင်းကိုပဲ အာရုံစိုက်ထားချင်ကြောင်း တကအိချိက ဆိုပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆက်ဆံရေး တင်းမာမှုရှိတဲ့ နိုင်ငံတချို့ရဲ့ နိုင်ငံသားတွေကို သူလျှိုမှုတွေနဲ့ စွပ်စွဲ ဖမ်းဆီးခဲ့ဖူးပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဟော့ကိုင်းဒိုးရှင်ဘွန်း သတင်းဌာနရဲ့ ယူဇ်နို-ဆက်ခဲလင့်စ်ခ် ဒေသ အခြေစိုက် ဗျူရိုမှာ အလုပ်လုပ်နေတဲ့ သတင်းထောက် ယူကီ အင်မိုင်ကို ဖမ်းဆီးခဲ့ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အင်မိုင်ဟာ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး၊ ပြီးတော့ ယူဇ်နို-ဆက်ခဲလင့်စ်ခ် ဒေသက မြောက်ကိုရီးယား ရွှေ့ပြောင်းလုပ်သားတွေ အကြောင်းနဲ့ ဒေသခံတွေရဲ့ ဘဝအခြေအနေတွေကို သတင်းယူနေတဲ့ ဂျာနယ်လစ် တစ်ဦးပါ။ ရုရှားကတော့ သူဟာ ဂျပန်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားပြီး ရုရှား ထိန်းချုပ်ထားရာ ကျွန်းတွေပေါ်က နေထိုင်သူတွေရဲ့ အချက်အလက်တွေ၊ ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ စစ်မှုထမ်း စုဆောင်းမှုတွေ၊ ဆန္ဒအလျောက် စစ်မှုထမ်းဖို့ စာရင်းပေးသူတွေ အကြောင်းတွေကို လျှို့ဝှက် ထောက်လှမ်းနေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အင်မိုင်ကို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဂျပန်က ရုရှားသံအမတ်ကိုလည်း ဆင့်ခေါ်ပြီး အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်သတင်းထောက်အပေါ် မျှတပြီး ဘက်မလိုက်တဲ့ သဘောထားမျိုးနဲ့ ဆက်ဆံဖို့လည်း ဂျပန်အစိုးရက ရုရှားကို တောင်းဆိုထားပါတယ်။

တကအိချိကတော့ အင်မိုင်နဲ့ ပတ်သက်ပြီး ရုရှားဖက်က စွပ်စွဲထားတဲ့ အချက်တွေကို တိတိကျကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။ နိုင်ငံတစ်ခုစီရဲ့ ပြည်တွင်း ဥပဒေတွေက မတူညီကြောင်း၊ ဒီတော့ ဂျပန်သတင်းထောက်အပေါ် ရုရှားက ဘယ်လို ရှုထောင့်ကနေ အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်သလဲ ဆိုတာကို မသိရသေးကြောင်း တကအိချိက ဆိုပါတယ်။

ဂျပန်နဲ့ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ကျွန်းတွေကို ဩဂုတ်လတုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင် သွားရောက် လည်ပတ်ခဲ့တဲ့နောက် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဂျပန်ဂျာနယ်လစ်ကို ရုရှားက ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံသား သတင်းထောက် တစ်ယောက်ကို ရုရှားက သူလျှိုမှု သံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရေနံတွေကို တရားမဝင် ခိုးဝှက်သယ်ဆောင်ပေးနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ရုရှားအနေနဲ့ NATOရဲ့ ပိုင်နက်ကို ရူးမိုက်တဲ့ ထိပါးတိုက်ခိုက်မှုမျိုး လုံးဝမလုပ်ဖို့ သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)ကနေ ဗြိတိန် ခွဲထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit မဲခွဲဆုံးဖြတ်မှုတွေမှာ ရုရှားက ကျိန်းသေပေါက် ဝင်စွက်ဖက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်းက ပြောကြားခဲ့ပါတယ်။