Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မီးခိုးမြူတွေကြောင့် အရှေ့တီမောမှာ ကျောင်းတွေ ပိတ်ထားရ

အင်ဒိုနီးရှား နိုင်ငံဖက်ကနေ ရောက်ရှိလာတဲ့ မီးခိုးမြူတွေကြောင့် အရှေ့တီမော နိုင်ငံမှာ ကျောင်းတွေကို ပိတ်ထားလိုက်ရပါတယ်။

ဓာတ်ပုံ - AFP

အင်ဒိုနီးရှား နိုင်ငံဖက်ကနေ ရောက်ရှိလာတဲ့ မီးခိုးမြူတွေကြောင့် အရှေ့တီမော နိုင်ငံမှာ ကျောင်းတွေကို ပိတ်ထားလိုက်ရပါတယ်။

အဲဒီ မီးခိုးမြူတွေဟာ အိမ်နီးချင်း အင်ဒိုနီးရှားရဲ့ တောမီးရှို့မှုတွေကနေ ဖြစ်ပေါ်လာတာပါ။ အင်ဒိုနီးရှားမှာ စိုက်ပျိုးရာသီ အသစ်ပြန်မစခင် စိုက်ပျိုးမြေ နေရာဟောင်းတွေကို တောမီးရှို့ပြီး ရှင်းလင်းတဲ့ နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်မှာတော့ အယ်လ်နီညိုကြောင့် ရာသီဥတု ပိုပူပြီး သဘာဝ တောမီးတွေလည်း လောင်ကျွမ်းနေပါတယ်။

အရှေ့တီမောရဲ့ မြို့တော် ဒီလီမှာတော့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းတုန်းက ကောင်းကင်ယံဟာ လိမ္မော်ရောင် ဖြစ်နေပြီး လေထုကလည်း မှုန်ဝါးနေပါတယ်။ မြို့ခံတွေကတော့ အဲဒီ အခြေအနေမှာ ပုံမှန် လှုပ်ရှား သွားလာနေပေမယ့် အများစုက နှာခေါင်းစည်းတွေ တပ်ထားတာကို တွေ့ရပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့မှာ အစိုးရက ကျောင်းတွေ ၃ ရက်ပိတ်မယ့်အကြောင်း ကြေညာခဲ့ပြီး နောက်တစ်နေ့ မနက်မှာတော့ အဲဒီ သတ်မှတ်ချက် စတင် အသက်ဝင်ခဲ့ပါတယ်။ အခုသီတင်းပတ် အစောပိုင်းတုန်းက ဒီလီရဲ့ လေထု ညစ်ညမ်းမှု အခြေအနေက ပိုဆိုးခဲ့ပေမယ့် အဲဒီတုန်းကတော့ ကျောင်းတွေ မပိတ်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒေသခံတွေကတော့ ကျောင်းပိတ်တဲ့ သတ်မှတ်ချက်ကို ဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ ကြိုဆိုထောက်ခံခဲ့ပါတယ်။ မြို့ရဲ့ လေထု အခြေအနေက အရမ်းဆိုးနေကြောင်း၊ နေကိုတောင် ကောင်းကောင်း မမြင်ရသလို လေညစ်ညမ်းမှုက အရမ်းပြင်းထန်နေကြောင်း အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

အခုလို ရာသီဥတုမျိုးမှာ ကလေးတွေ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေတာ ပိုကောင်းလိမ့်မယ်လို့လည်း သူက ထောက်ခံခဲ့ပါတယ်။

လက်ရှိမှာတော့ အင်ဒိုနီးရှားရဲ့ ဆူမားတြား၊ ဘော်နီယိုနဲ့ ပါပူအာတို့မှာ စိုက်ပျိုးမြေတွေ၊ စိုက်ခင်းတွေ ဟက်တာပေါင်း သိန်းနဲ့ချီ တောမီးလောင်ကျွမ်းထားပြီး မီးခိုးမြူတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုတွေကို အိမ်နီးချင်း မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ အရှေ့တီမောတို့ပါ သက်ရောက် ခံစားနေရတာပါ။

အောက်တိုဘာ ၁၄ ရက်နေ့၊ အရှေ့တီမော အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ လက်ရှိ လေထု အရည်အသွေးဟာ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ တခြား ပညာရေး ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာနိုင်ခြေ ရှိနေတာကြောင့် ကျောင်းတွေ ပိတ်ဆို့ ဖုံးဖြတ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

မလေးရှား နိုင်ငံမှာလည်း လေထုအခြေအနေ ဆိုးရွားနေတဲ့ ပြည်နယ်တွေမှာ အစိုးရက ကျောင်းတွေကို ပိတ်ထားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေထု အရည်အသွေး ဆိုးရွားနေမှု ပြဿနာကြောင့် မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ထဲမှာ ကျောင်းတွေ ဆက်ပြီး ပိတ်ထားလိုက်ရပါတယ်။

နိုင်ငံတကာ

အကြမ်းဖက် ကွန်ရက်တွေနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။