Connect with us

Hi, what are you looking for?

သတင်း

‎ပလောက်ဒေသတိုက်ပွဲ စစ်တပ် သေဆုံးထိခိုက်မှုရှိဟု KNU သတင်းရင်းမြစ်ပြော

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

(အောက်တိုဘာ ၁၂ရက်က မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောကျေးရွာ တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU - Mergui-Tavoy District)

အောက်တိုဘာ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ပလောက်မြို့ကနေ စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၀ရက်ကနေ ၁၆ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

“တိုက်ပွဲဖြစ်တဲ့အပေါ်မှာ စကစဘက်က သေဆုံးမှုတွေရှိတယ်ပေါ့နော်။ သူတို့မှာ အထိနာတာရှိတယ်။ အဲဒါကြောင့် သူတို့ စစ်ကြောင်းက ဆက်ထိုးလို့မရဘူးဖြစ်နေတယ်။ ထိခိုက်တာ ၅ဦးအထက်တော့ရှိတယ် ဒါက အကြမ်းဖျင်းပဲ ပြောလို့ရမယ်။ လက်နက်ခဲယမ်း တော့ မရရှိဘူး။ ပြောရမယ်ဆို သူတို့ စစ်ကြောင်း တက်လာတော့ ကျနော်တို့ဘက်က ပစ်ခတ်တယ်။ အလောင်းတွေ တော့ အဝေးကနေ တွေ့ရှိတယ်လို့ ပြောတယ်။ ဒရုန်းနဲ့ကြည်တော့ အလောင်းတွေ သယ်ဆောင်သွားတယ် အလောင်းတွေ တွေ့တယ်ပေါ့နော်” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းတွေ ရှိနေတာမို့ ရှင်းလင်းရေးတွေ မလုပ်ဆောင်ရသေးကြောင်းလည်း သူက ပြောပြပါတယ်။

စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေဒေသတွေ ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပလောက်မြိုအနီး ဘုရင့်တောင်ကျေးရွာကတဆင့် ဆင်ထိုးကြီးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ တနင်္သာရီတိုင်းအတွင်း သဘာ၀ဘေးကြုံနေရချိန် မြေပြင်စစ်ကြောင်းထိုးတာတွေလုပ်လို့ ဒေသခံတွေအနေနဲ့ သဘာ၀ဘေးအပြင် စစ်ဘေးဒဏ်ပါကြုံနေကြရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောကြားထားပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်းအတွင်း အရပ်သားပြည်သူ အသက်အိုးအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း ပေါက်နဲ့ မြိုင်ဒေသအစပ်က ရေနံမြေတိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းအထိနာနေတာကြောင့် ပခုက္ကူတပ်မ(၁၀၁) က စစ်ကူယာဉ်တန်းထွက်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။